Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ကြီး​ဒေသတွင်တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသသို့စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပြသည်။

စခန်းသိမ်းတိုက်ပွဲ တစ်ခုမှ KIA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-File Photo

ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသသို့စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပြသည်။

မေလ ၁၄ရက်မနက် ၅နာရီမှန်စ၍ စစ်ကောင်စီနှင့် ရှမ်းနီ ပူးပေါင်းတပ်ဖွဲ့က အင်းတော်ကြီးဒေသ စနွန်းကုန်းရှိ KIA တပ်စခန်းရှိရာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။

“စနွန်းကုန်းမှာ စကစ စစ်ကြောင်းထိုးလို့ တိုက်ကြတာ”ဟုကချင်သတင်းရင်းမြစ်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ ၅နာရီဝန်းကျင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့ဟု အခြား စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စခနဲ့ ရှမ်းနီဘက်က ၁၃ ယောက်သေတယ်။ ၂၀ကျော်ဒဏ်ရာရတယ်လို့ ပြောတယ်။စခန်းကို ငါတို့ စွန့်ခွာပေးခြင်းတော့မရှိသေးဘူး”ဟု၎င်းက ဆက်​ပြောသည်။

စစ်ကောင်စီပူးပေါင်းတပ်များ ဆက်ရှိနေ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သေးဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့ သတင်းတော့မရသေးဘူး။ တိုက်ပွဲကတော့ ဆက်ဖြစ်အုံးမယ်ထင်တယ်”ဟုစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ဖားကန့်ဒေသတွင်လည်း ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေး လူအင်အားများစွာသုံးပြီး မြေပြင် ၊ ဝေဟင်ပစ်ကူ ဖြင့် ထိုးစစ်ဆင်လာ၍ ဧပြီလနှင့် မေလတွင် ဖားကန့်မြို့နယ်အတွင်း KIAနှင့် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။