Connect with us

Hi, what are you looking for?

သတင်း

ဝဲကြီးဆည်ဘက်မှလာသော စစ်တပ်စစ်ကြောင်းကို PDF ပိတ်ဆို့တိုက်ခိုက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ဝဲကြီးဆည်ဘောင်မှ သိမ်ကုန်းတာဝါတိုင်စခန်းသို့အင်အားဖြည့်ရန်လာသော အင်အား(၇၀)ခန့်ပါ စစ်ကောင် စီတပ်စစ်ကြောင်းကို ပိတ်ဆို့ဖြတ်တောက်တိုက် ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန် ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိသောခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုတွေ့ရစဥ် (ဓာတ်ပုံ - PPDF)

မေ-၁၉၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ဝဲကြီးဆည်ဘောင်မှ သိမ်ကုန်းတာဝါတိုင်စခန်းသို့အင်အားဖြည့်ရန်လာသော အင်အား(၇၀)ခန့်ပါ စစ်ကောင် စီတပ်စစ်ကြောင်းကို ပိတ်ဆို့ဖြတ်တောက်တိုက် ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန် ကြားရေးတာဝန်ခံက ပြောသည်။

မေလ ၁၇ ရက်နေ့နံနက် ၇ နာရီခွဲခန့်က သိမ်ကုန်းရွာအနီး ပိန်းသိုက်စမ်းနေရာသို့ရောက်ရှိလာသော စစ်ကောင်စီတပ်သားများကို တပ်ရင်း ၃၆၀၁ နှင့် တပ်ရင်း ၃၆၀၂ မှ ရဲဘော်များမှ Sniper၊ လက် နက်ငယ်၊ (၄၀)မမတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ၎င်းက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ခုခံတိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်အန္တရာယ်မရှိ ဘဲ ယင်းနေ့(မေလ ၁၇ ရက်)ညနေ(၅)နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု တပ်ရင်း ၃၆၀၁ က အသိပေးသည်။

Public Service Announcement

Public Service Announcement

“တိုက်လိုက်ရပ်လိုက်နဲ့ဆိုတော့ ပွဲကတစ်နေကုန်နီးပါးပဲကြာတယ်။ အခုလက်ရှိမှာတော့ အဲဒီစစ်ကြောင်းက သိမ်းကုန်စခန်းကိုသွားပေါင်းထားပြီ”ဟု တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပိတ်ဆို့ တိုက်ခိုက်ခံရပြီးနောက် မေလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများကိုသိမ်ကုန်းအထိုင်စခန်းသို့ သယ်ဆောင်သွားပြီး သေဆုံးသူများအား အမိန့်ပြန်ကာသင်္ဂြိုလ်လိုက်ကြောင်း တပ် ရင်း ၃၆၀၁ က ဆိုသည်။

လတ်တလောတွင် ပြည်ခရိုင်အတွင်း ပေါင်တလည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့ပေါ်တို့တွင် စစ်ကောင်စီဘက်မှ အင်အားထပ်ဖြည့်ထားပြီး မြို့အဝင်အထွက်များကို လုံခြုံရေးတင်းကြပ်ကာ ခံစစ်ပြင်နေကြောင်း ဒေသစစ်ရေးသတင်းရင်း မြစ်များထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ