Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရားမဝင် ရွှေ့ပြောင်း ၈ ဦးကို တောင်ဆူဒန်ဆီ နယ်နှင်ခဲ့ကြောင်း ထရမ့်အတည်ပြု

တရားမဝင် ရွှေ့ပြောင်း အခြေချသူ နိုင်ငံခြားသား တချို့ကို တောင်ဆူဒန် နိုင်ငံဆီ နယ်နှင် ပို့ဆောင်ခဲ့တာ မှန်ကန်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။

The New York Times

တရားမဝင် ရွှေ့ပြောင်း အခြေချသူ နိုင်ငံခြားသား တချို့ကို တောင်ဆူဒန် နိုင်ငံဆီ နယ်နှင် ပို့ဆောင်ခဲ့တာ မှန်ကန်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။

မူလက အဲဒီ နိုင်ငံခြားသားတွေကို ဘယ်ကို ပို့လိုက်သလဲ ဆိုတာဟာ လျှို့ဝှက်ထားရမယ့် ကိစ္စလို့ အမေရိကန် အာဏာပိုင်တွေက ပြောကြားခဲ့ပေမယ့် မေလ ၂၂ ရက်နေ့မှာတော့ ထရမ့်က သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း သူတို့ကို တောင်ဆူဒန်ဆီ လေကြောင်းကနေ ပို့ဆောင်ခဲ့တာ မှန်ကန်တယ်လို့ လူမှုကွန်ရက် မီဒီယာပေါ်မှာ အတည်ပြုခဲ့ပါတယ်။ သူက အဲဒီ နိုင်ငံခြားသားတွေဟာ ရာဇဝတ်မှု ကျူးလွန်ထားသူတွေ ဖြစ်တယ်လို့လည်း စွပ်စွဲထားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန် တရားရုံး တစ်ခုက အဲဒီ နိုင်ငံခြားသား ၈ ဦးကို နယ်နှင်တဲ့ ကိစ္စကို ကြားဝင် တားဆီးထားလိုက်တာကြောင့် တောင်ဆူဒန်ထိ မရောက်သေးဘဲ အရှေ့အာဖရိက ဒေသမှာရှိတဲ့ ဂျဘူတီ နိုင်ငံမှာ ထိန်းသိမ်း ခံထားရကြောင်း သိရပါတယ်။

နယ်နှင်ခံရသူတွေထဲမှာ မြန်မာနဲ့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့ရဲ့ နိုင်ငံသားတွေလည်း ပါဝင်ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အစိုးရတွေက သူတို့ကို ပြန်လက်ခံဖို့ အားထုတ် လုပ်ဆောင်မှု ဘာမှ မရှိဘူးလို့ အမေရိကန် အစိုးရက ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဘော်စတွန်မှာရှိတဲ့ ဖက်ဒရယ် တရားသူကြီး တစ်ဦးက အဲဒီ ရွှေ့ပြောင်း အခြေချသူတွေကို တက္ကဆက်စ်ကနေ နယ်နှင်လိုက်တဲ့ ကိစ္စဟာ အစောပိုင်းက သူချမှတ်ထားတဲ့ တရားရုံး အမိန့်တစ်ခုကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောကြားခဲ့တဲ့နောက် သူတို့ကို တောင်ဆူဒန်ထိ ဆက်မပို့ဘဲ ဂျဘူတီမှာ ယာယီ ထိန်းသိမ်းထားလိုက်တာ ဖြစ်ပါတယ်။ တရားသူကြီး ဘရိုင်ယန် မာဖီရဲ့ ကနဦး အမိန့်ထဲမှာတော့ နေရပ်နိုင်ငံဆီ မဟုတ်တဲ့ နယ်နှင်မှုတိုင်းမှာ သက်ဆိုင်ရာ ရွှေ့ပြောင်း အခြေချသူတွေကို နည်းမှန်လမ်းမှန် ကြိုတင် အသိပေး ရှင်းပြမှုတွေ ရှိသင့်တယ်လို့ ညွှန်ကြားထားပါတယ်။

နယ်နှင်ခံရသူတွေရဲ့ ရှေ့နေတွေကတော့ ဆင်းရဲနွမ်းပါးမှုနဲ့ ပြည်တွင်းစစ်ဒဏ် ခံစားထားရတဲ့ တောင်ဆူဒန်ကို သူတို့ရဲ့ အမှုသည်တွေ ပို့ဆောင်ခံရမယ် ဆိုတာဟာ လုံခြုံရေးအရ ရတက်မအေးစရာ ဖြစ်နေကြောင်း ပြောပါတယ်။

ထရမ့်က ဘော်စတွန်မှာရှိပြီး အခြေအနေမှန်ကို ဘာမှ နားမလည်တဲ့ ဖက်ဒရယ် တရားသူကြီး တစ်ယောက်က ကမ္ဘာပေါ်မှာ အဆိုးဆုံး ရာဇဝတ်သား ၈ ဦးရဲ့ တောင်ဆူဒန် ခရီးစဉ်ကို ကြားဖြတ် ဟန့်တားပြီး ဂျဘူတီမှာ ထိန်းသိမ်းထားဖို့ အမိန့်ချမှတ်ခဲ့ကြောင်း သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ဖော်ပြထားတဲ့ မှတ်တမ်းတွေမှာတော့ တောင်ဆူဒန်ဆီ ပို့ဆောင် ခံရသူတွေဟာ ကျူးဘား၊ လာအို၊ မက္ကဆီကို၊ တောင်ဆူဒန်၊ မြန်မာနဲ့ ဗီယက်နမ်တို့က ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။ သူတို့တွေဟာ လူသတ်မှု၊ လိင်အကြမ်းဖက်မှုနဲ့ ဓားပြမှုလို ရာဇဝတ်မှုတွေအတွက် အပြစ်ရှိကြောင်း စွပ်စွဲ ခံထားရပါတယ်။

အမေရိကန်မှာ တရားမဝင် ရွှေ့ပြောင်း အခြေချမှုတွေကို ထိထိရောက်ရောက် ဖြိုခွင်းဖို့ ဆိုတာဟာ သူ့ရဲ့ ရွေးကောက်ပွဲကြို မဟာဗျူဟာ မဲဆွယ်ကတိ တစ်ခုဖြစ်ခဲ့ပေမယ့်လည်း လက်တွေ့ အကောင်အထည် ဖော်ချိန်မှာ တရားရုံးတွေရဲ့ ကြားဝင်ဟန့်တားမှုတွေကို ကြုံတွေ့နေရတဲ့အပေါ် ထရမ့်က အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်နေဟန်လည်း ရှိပါတယ်။

သူ့ရဲ့ လူမှုကွန်ရက် မီဒီယာ ပို့စ်တစ်ခုမှာတော့ ထရမ့်က တရားသူကြီးတွေဟာ ထိန်းမနိုင် သိမ်းမရ သောင်းကျန်းနေပြီး နိုင်ငံကို ထိခိုက်စေခဲ့ကြောင်း၊ လက်တွေ့ ဖြစ်ပျက်နေတာတွေနဲ့ သူတို့ကိုယ်တိုင် ဘာလုပ်နေကြသလဲ ဆိုတာတွေကိုလည်း သူတို့တွေက ဘာမှ နားမလည်ကြကြောင်း၊ ဒီကိစ္စတွေကို ချက်ချင်း ပြောင်းလဲဖို့လိုကြောင်း ရေးသားထားခဲ့ပါတယ်။ ပြီးတော့ တရားရုံးချုပ် အနေနဲ့လည်း ဒီအရှုပ်ထုပ်ကို အမြန်ဆုံး အဆုံးသတ်သင့်တယ်လို့ ထရမ့်က တိုက်တွန်းထားပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။