Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်ကုန်ပိုင်းမှာ အရှေ့တီမောက အာဆီယံ အဖွဲ့ဝင် ဖြစ်လာနိုင်တယ်လို့ဆို

အရှေ့တီမော နိုင်ငံဟာ အခု နှစ်ကုန်ပိုင်းမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အဖွဲ့ဝင်သစ် ဖြစ်လာနိုင်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ မလေးရှားဟာ အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူထားတဲ့ နိုင်ငံပါ။

အရှေ့တီမော နိုင်ငံဟာ အခု နှစ်ကုန်ပိုင်းမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အဖွဲ့ဝင်သစ် ဖြစ်လာနိုင်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ မလေးရှားဟာ အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူထားတဲ့ နိုင်ငံပါ။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်ခင် မေလ ၂၅ ရက်နေ့တုန်းက ဝန်ကြီး မိုဟာမက် ဟာဆန်ဟာ အနာဂတ်မှာ အရှေ့တီမောရဲ့ အဖွဲ့ဝင်ဖြစ်ခွင့် အလားအလာနဲ့ ပတ်သက်ပြီး မှတ်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။ သူက အရှေ့တီမော အစိုးရဟာ အာဆီယံရဲ့ ၁၁ ခုမြောက် အဖွဲ့ဝင် နိုင်ငံ ဖြစ်ခွင့်ရရေး လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ အဓိပ္ပါယ် ပြည့်ဝတဲ့ တိုးတက်မှုတွေကို အကောင်အထည်ဖော် ပြသနေနိုင်ပြီး အခုနှစ် အောက်တိုဘာလလောက်မှာ အာဆီယံ အဖွဲ့ဝင် ဖြစ်လာနိုင်ခြေ ရှိတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

အရှေ့တီမောဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး အာဆီယံရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်တွေကို အမီလိုက်နိုင်ဖို့ ခက်ခဲကြောင်း ဝေဖန်ထောက်ပြမှု တချို့ ရှိနေဆဲပါ။

ဒါပေမဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အရှေ့တီမောကို တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ ခိုင်ခိုင်မာမာ အားပေး ထောက်ခံနေကြတယ်လို့ ဟာဆန်က ဆိုပါတယ်။ အသေးစိတ် အကြောင်းအရာတွေကို မှတ်ချက် မပေးပေမယ့် လက်ရှိ အားထုတ်မှုတွေအတိုင်း အရှေ့တီမော အစိုးရက လုပ်သင့်တာတွေကို ဆက်လုပ်နေမယ်ဆိုရင် အောက်တိုဘာလမှာ ကျင်းပမယ့် နောက်ထပ် အာဆီယံ ဆွေးနွေးပွဲမှာ အရှေ့တီမောကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံနိုင်ခြေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့တောင်အာရှ ဒေသထဲမှာ အရှေ့ တီမောဟာ သက်တမ်း အနုနယ်ဆုံး နိုင်ငံဖြစ်ပြီး ၂၀၀၂ ခုနှစ်တုန်းက အင်ဒိုနီးရှားဆီကနေ လွတ်လပ်ရေး ရလာခဲ့ပါတယ်။ အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာဟာ အာဆီယံ အဖွဲ့ဝင် ဖြစ်ခွင့်အတွက် အင်တိုက်အားတိုက် ထောက်ခံ အားပေးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ တစ်ချိန်က ပေါ်တူဂီ ကိုလိုနီ နယ်မြေ ဖြစ်ခဲ့ဖူးပြီး လူဦးရေ ၁.၃ သန်းလောက် နေထိုင်တဲ့ နိုင်ငံငယ်လေးဟာ အာဆီယံဖြစ်ခွင့် ပထမဆုံးအကြိမ် လျှောက်ထားမှုကို ၂၀၁၁ ခုနှစ်က စတင် ကြိုးစားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ အရှေ့တီမောဟာ အာဆီယံ ဆွေးနွေးပွဲတွေမှာ လေ့လာသူအဖြစ် တက်ရောက်ခွင့် ရလာပေမယ့် အမျိုးမျိုးသော စိန်ခေါ်မှုတွေကြောင့် အမြဲတမ်း အဖွဲ့ဝင် ဖြစ်ခွင့်ကတော့ နှောင့်နှေးနေခဲ့ပါတယ်။ အရှေ့တီမောဟာ လက်ရှိ အချိန်ထိ လူတန်းစား မညီမျှမှု၊ အာဟာရ ချို့တဲ့မှု၊ အလုပ်လက်မဲ့ များပြားမှုလို ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံ စီးပွားရေးကလည်း ရေနံထုတ်လုပ်မှုအပေါ် အလွန်အကျွံ မှီခိုနေရပြီး တခြား ကဏ္ဍတွေကို အားကိုးလို့ မရနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒါ့အပြင် လူ့အရင်းအမြစ်၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု အပိုင်းတွေမှာလည်း အားနည်းချက်တွေ ကြီးကြီးမားမား ရှိနေတာကြောင့် အာဆီယံရဲ့ စီးပွားရေး ရပ်ဝန်းထဲ ဝင်ဆံ့ဖို့ ခက်ခဲနိုင်ကြောင်း လေ့လာသူတွေက ထောက်ပြထားကြပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook