Connect with us

Hi, what are you looking for?

သတင်း

ဝေါ်လေဒေသမှာ အရေးပါတဲ့ ဥကရစ်ထ စခန်းရဲ့ ဝါးမီထ ကာကင်းကို KNU သိမ်းယူ

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ် ၊ မြဝတီခရိုင် ၊ မြဝတီ – ဝေါ်လေ ကားလမ်းပေါ်က ရွှေအေးမြိုင်တပ်စခန်း (ဝါးမီထ ) ကို KNU နဲ့ ပူးပေါင်းတပ်က ဒီနေ့ (မေလ ၂၉ ) မနက်ပိုင်းမှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ဝါးမီထ တပ်စခန်းတည်နေရာ အနီးက တပ်စခန်းကို တွေ့ရပုံ ဓာတ်ပုံ - Google Earth

မေ – ၂၉ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ် ၊ မြဝတီခရိုင်၊ မြဝတီ – ဝေါ်လေ ကားလမ်းပေါ်က ရွှေအေးမြိုင်တပ်စခန်း (ဝါးမီထ ) ကို KNU နဲ့ ပူးပေါင်းတပ်က ဒီနေ့ (မေလ ၂၉ ) မနက်ပိုင်းမှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ဝါးမီထ တပ်စခန်းတည်နေရာ အနီးက တပ်စခန်းကို တွေ့ရပုံ ဓာတ်ပုံ – Google Earth

အဲဒီတပ်စခန်းဟာ မြဝတီ – ဝေါ်လေ ကားလမ်းပေါ် ဆုံဆည်းမြိုင်နဲ့ ဥကရစ်ထရွာကြားမှာ တည်ရှိပြီး ဥကရစ်ထ စခန်း ရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ဝေါ်လေ ဒေသတွင်းမှာ စစ်ဗျုဟာအရ အရေးပါတဲ့ ဥကရစ်ထ စခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်က ၂၀၂၂ ခုနှစ်အတွင်းမှာ အပြင်းအထန် တိုက်ခိုက်ခဲ့ပေမယ် စခန်းမသိမ်းနိုင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဥကရစ်ထ စခန်း တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီ က ဝါဒဖြန့် ရုပ်ရှင်ရိုက်ကူးထုတ်လွှင့်ခဲ့ဖူးပါတယ်။

ဒီမနက်မှာတော့ ဥကရစ်ထ စခန်း ရဲ့ ကာကင်းကို KNU က သိမ်းလိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

မြဝတီမြို့တောင်ဘက် ၊ ဒေါနတောင်တန်းအရှေခြမ်း ဝေါ်လေ ဒေသ က နယ်စပ်မျဉ်းတလျောက်မှာ တပ်စွဲထားတဲ့ ဝေါ်လေ ၊ ကနဲလေး၊ ဘလက်ဒို ၊မော်ခီး နဲ့ သေဘောဘိုး တပ်စခန်းတွေ ကို သိမ်းယူဖို့ KNU က မေလ တတိယပတ်ကစတင်ပြီးတိုက်ခိုက်နေတာဖြစ်ပြီး ဘလက်ဒို ၊ ကနဲလေး နဲ့ ဝါးမီထ တို့ကို ရရှိသွားပြီဖြစ်ပါတယ်။

ဒါပေမယ့် KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ မြဝတီမြို့ တောင်ဘက်ခြမ်း ၊ဝေါ်လေဒေသမှာ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ တပ်စခန်းတွေအနေနဲ့ ဝေါ်လေဗျုဟာ ၊သေဘောဘိုး ၊ ဥကရစ်ထ၊ မော်ခီး တပ်စခန်းတွေ ကျန်ရှိနေပါတယ်။

လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ဝေါ်လေမြို့ဟာ စုကလိ ၊ ဝေါ်လေ ၊ မြဝတီ သုံးမြို့ပေါင်းပြီး ဖွဲ့စည်းထားတဲ့ မြဝတီခရိုင်ထဲမှာပါရှိပါတယ်။

စုကလိမြို့အခြေစိုက် စုကလိ စစ်ဆင်ရေးခြေကုတ်စခန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း KNU နဲ့ ပူးပေါင်းတပ်က သိမ်းယူထားပြီးဖြစ်ပါတယ်။

KNU ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးနယ်မြေသတ်မှတ်ပုံအရ ဝေါ်လေမြို့ ၊ စုကလိမြို့နဲ့ မြဝတီမြို့​တို့ဟာ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲမှာပါပြီး တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာဂွင်ဖြစ်ပါတယ်။

KNU ဟာ ထိုင်း – မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကိုတိုက် ခိုက် သိမ်းယူပြီးနောက် တပ်မဟာ ( ၆) ဘက်က နယ်စပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ထိုင်းနယ်စပ်တလျှောက်မှာ တပ်စွဲထားတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။

မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်းနယ်စပ်တလျောက် တပ်ဖြန့်ထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။