Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက ဒေသခံပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၀)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC

မေ ၃၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၀)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး ဒီကနေ့ ညနေပိုင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြပြည်သူတွေက “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန်အုံကြွ တော်လှန်ကြ” ခေါင်းစည်းစာသားနဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။

သတင်း

ဆဲဗင်းဂျူလိုင် စိတ်ဓာတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။