Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက ဒေသခံပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၀)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC

မေ ၃၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၀)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး ဒီကနေ့ ညနေပိုင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြပြည်သူတွေက “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန်အုံကြွ တော်လှန်ကြ” ခေါင်းစည်းစာသားနဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် မဟာလူမျိုးကြီးဝါဒကို နံပါတ်(၁)ရန်သူအနေဖြင့် သတ်မှတ်ပြီး စစ်အာဏာရှင်များကိုလည်း အဓိကရန်သူအဖြစ်သတ်မှတ်ကာ မည်သည့်မဟာမိတ်အဖွဲ့များနှင့်မဆို အတူတကွ ပူးပေါင်းရင်ဆိုင်နေပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက စစ်အာဏာရှင်အမြစ်ပြတ်ရန် များစွာခက်မည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေက သတိပေးပြောကြားလိုက်သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၅)မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၄)မှာ တရားမဝင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

နိုင်ငံရဲ့အရေးတိုင်း တက်ကြွစွာပါဝင်ခဲ့တဲ့ ရွှေညဝါဆရာတော်ကြီး ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ဟာ စစ်အာဏာရှင်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ သတ်လိုက်တာလို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ကြားလိုက်ပါတယ်။