Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားများ စစ်ပွဲနိုင်အောင်မတိုက်နိုင်ပါက ဆုတ်ခွာထွက်ပြေးရန် ထိုင်းစစ်သားပြော

စစ်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များအား နိုင် အောင်မတိုက်နိုင်ပါက ဆုတ်ခွာထွက်ပြေးရန် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများအား ထိုင်းစစ်သားက ဘာသာပြန်မှတဆင့် ပြောကြားခဲ့ဟု ကရင် သတင်းရင်းမြစ်က ပြောသည်။

နယ်စပ်ဒေသတိုက်ပွဲအတွင်းမှ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများအား ထိုင်းစစ်သားများက ထိန်းသိမ်းထားစဉ်။ ဓာတ်ပုံ - ပေးပို့

မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များအား နိုင်အောင်မတိုက်နိုင်ပါက ဆုတ်ခွာထွက်ပြေးရန် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများအား ထိုင်းစစ်သားက ဘာသာပြန်မှတဆင့် ပြောကြားခဲ့ဟု ကရင် သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကော်ဘရာပူးပေါင်းစစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ရေကူးထွက်ပြေးကြသည့် စစ်ကောင်စီတပ်သားများကို ထိုင်းစစ်သားများက ကူညီပေးစဉ် ထိုင်းစစ်သားတစ်ဦးက ထိုကဲ့သို့ ပြောကြားခဲ့သည်ကို ဘာသာပြန်က ပြန်ရှင်းပြခဲ့ခြင်းဖြစ်သည်။

” တကယ်လို့ သူတို့ကို ကိုယ်တိုက်နိုင်ရင် ကိုယ်တိုက်မယ် တကယ်လို့ ကိုယ်တိုက်မနိုင်ရင် ကိုယ်ဆုတ်မယ်”ဟု ထိုင်းစစ်သား၏ ပြောကြားချက်ကို စစ်ကောင်စီတပ်သားများအား ဘာသာပြန်က ပြန်ပြောပြနေသည်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရုပ်သံတွင် ထွက်ပြေးစစ်ကောင်စီတပ်သား ၂၀ကျော် တွေ့ရပြီး ထိုင်းစစ်သုံးယာဉ်များဖြင့် ၎င်းတို့ကို ခေါ်ဆောင်သွားသည်။

” သူတို့(စစ်ကောင်စီတပ်သားများ)ကတော့ ထိုင်းနိုင်ငံမှာ ရောက်ရင်တော့ ဟုတ်၊ ဟုတ်၊ ဟုတ်၊ ဟုတ်နဲ့။ မင်းအောင်လှိုင်အနားနေရင်တော့လူထုကိုတွေ့ရင် အကုန်လုံးသတ်၊ PDFတွေ့ရင် အကုန်လုံးသတ်၊ ကရင်စစ်သားတွေ့ရင် အကုန်လုံးသတ် အခုတော့ သိပြီလား သူတို့က”ဟု ကရင်သတင်းရင်းမြစ်က ထိုင်းစစ်သားများရှေ့၌ ငုတ်တုတ်ထိုင်နေကြသည့် ထွက်ပြေးစစ်ကောင်စီတပ်သားများ၏ ရုပ်သံမှတ်တမ်းကို ပြသပြီး ပြောသည်။

မေလ ၂၇ရက်တွင် မြန်မာ-ထိုင်းနယ်စပ် သေ့ဘောဘိုးတပ်စခန်းတိုက်ပွဲ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်က ဆုံဆည်းမြိုင်ဒေသ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး အရှင်ဖမ်းမိပြီး ၂၈ဦးမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။

KNU တပ်မဟာ(၆)နယ်မြေတွင် တော်လှန်ရေးပူးပေါင်းတပ်သည် မေလ ၂၃ရက်မှ ၃၀ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၅ခုကို သိမ်းပိုက်ခဲ့သည်။ အဆိုပါစခန်းများအနက် ကနဲလေးနှင့် ဘလယ်ဒို စစ်ကောင်စီတပ်စခန်းများမှ လက်နက်မျိုးစုံ အလက် ၁၅၀ကျော်သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်သားများစွာ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားသည်။

ကျန်ရှိသည့် မော်ခီး၊ ရွှေအေးမြိုင်နှင့် ဘုရင့်နောင် တပ်စခန်းသုံးခုမှာမူ စစ်ကောင်စီတပ်သားများက ၎င်းတို့ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်ရဲ့ ကြည်းတပ်ဟာ ဒရုန်းစစ်ဆင်ရေးတွေကို ကွပ်ကဲပေးမယ့် သီးခြား စစ်ဆင်ရေး ယူနစ်တစ်ခု ဖွဲ့စည်းဖို့ ကာကွယ်ရေး ဝန်ကြီးဌာနဆီ တင်ပြ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒါ့အပြင် စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အတွဲလိုက်ပစ် ဒုံးကျည် စနစ်တွေ ဖြည့်တင်းပေးဖို့လည်း ကြည်းတပ်က...

သတင်း

ထိုင်း - မြန်မာကုန်သွယ်ရေးမှာအရေးပါတဲ့ အာရှလမ်းမကြီးပြန်ဖွင့်မယ်ဆိုတဲ့သတင်းတွေထွက်နေချိန်မှာမြဝတီမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ထိုင်းစစ်တပ်အရာရှိတွေ ဒီနေ့ (မတ်လ ၂၅ ရက်)မှာ နယ်ခြားကော်မတီ အစည်းအဝေး ပြုလုပ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ် တိုက်ပွဲတွေမှာ နယ်မြေတချို့ကို စစ်ရေးအရ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။