Connect with us

Hi, what are you looking for?

သတင်း

ပျူ​ခေါင်း​ဆောင်အပါအဝင် လူ ၉ ဦး​​သေဆုံးခဲ့တဲ့ ပုဂံပစ်ခတ်မှု ထ​နောင်း​မြေစစ်​ကြောင်း နဲ့ စစ်​ကောင်စီ ​ပြောကြားချက်​တွေကွဲလွဲ​နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ပုဂံမြို့သစ်၊ဂန့်ဂါရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူ​စောထီးခေါင်းဆောင် အပါအဝင် လူ ၉ ဦး​သေဆုံးခဲ့တဲ့ ပစ်​ခေတ်မှုနဲ့ ပတ်သက်ပြီး ပစ်ခတ်ခဲ့တဲ့ထနောင်းမြေစစ်ကြောင်း နဲ့ စစ်​​ကောင်စီဘက်က​ပြောဆိုမှု​တွေ နှစ်ဘက်ကွဲလွဲ​နေပါတယ်။

ပျူ​ခေါင်း​ဆောင် ​ဇော်​ဇော်နဲ့ အဖွဲ့ဆီက သိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့ လက်နက်ခဲယမ်း ၊ဆက်စပ်ပစ္စည်း​တွေနဲ့ ပျူဖြစ်​ကြောင်း​ရေးသားထားတဲ့မှတ်ပုံတင်။ ဓါတ်ပုံ-ထ​နောင်း​မြေစစ်​ကြောင်း

▪️ပျူခေါင်းဆောင်အပါအဝင် ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိတယ်လို့ထ​နောင်း​မြေစစ်​ကြောင်းထုတ်ပြန်

▪️တိမ်းရှောင်နေတဲ့ ဂန့်ဂါရပ်ကွက်​ဒေသခံတွေ သုံးရက် အတွင်းပြန်မလာရင်မီးရှို့မယ်လို့ စစ်တပ်က ခြိမ်းခြောက်

ဇွန် ၄၊ ၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ပုဂံမြို့သစ်၊ဂန့်ဂါရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူ​စောထီးခေါင်းဆောင် အပါအဝင် လူ ၉ ဦး​သေဆုံးခဲ့တဲ့ ပစ်​ခေတ်မှုနဲ့ ပတ်သက်ပြီး ပစ်ခတ်ခဲ့တဲ့ထနောင်းမြေစစ်ကြောင်း နဲ့ စစ်​​ကောင်စီဘက်က​ပြောဆိုမှု​တွေ နှစ်ဘက်ကွဲလွဲ​နေပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ (၁)ရက်နေ့က ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဂန့်ဂါရွာက စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင် ဇော်ဇော် နဲ့ သူ့နောက်လိုက် ၈ ဦးတို့ကရက်ကွက်ထိပ် ဇရပ်မှာ ဆက်ကြေးကောက်နေတုန်းထနောင်းမြေစစ်ကြောင်းလာပစ်သွားတာလို့ ထ​နောင်း​မြေစစ်​ကြောင်းကထုတ်ပြန်ပါတယ် ။

ပစ်ခတ်မှုကြောင့် ပျူခေါင်းဆောင် ဇော်ဇော်အပါအဝင် သူ့ရဲ့​နောက်လိုက် ၈ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက IO ကိုမူတူးက ပြောပါတယ်။

“ကျနော်တို့က အဓိကထားတာက သူ့ကို( ပျူ​ခေါင်း​ဆောင် ဇော်​ဇော် )ပဲပစ်တာ။ သူတို့ကိုပစ်ပြီးတဲ့အချိန်မှာ တန်းကွေ့တယ်။ အဲဒီမှာ ပေါက်ကွဲသံကြားရတယ်။ ကွေ့ပြီးပြန်ကြည့်တော့ အကုန်လုံး မှောက်နေပြီ။ တယောက်ပဲ ဒဏ်ရာရတယ်။ သူ့မှာ ဘာမှမပါလို့ဘာမှမလုပ်ခဲ့ဘူး။သူက(ပျူခေါင်းဆောင်က) တိုင်ထောင့်မှာဆိုတော့ သူ့ကိုပဲ အဓိကထားပြီးပစ်လိုက်တာ။ ပစ်ပြီးတဲ့အချိန်မှာ တန်းကွဲတာ။ လက်ပစ်ဗုံးက သူတို့လက်ပစ်ဗုံးပါ။ ကျနော်တို့မှာ လက်ပစ်ဗုံးမပါဘူး။”လို့ ကိုမူတူးက ဆိုပါတယ်။

ပျူ​ခေါင်း​ဆောင်ကိုပစ်ခတ်စ​ဥ် ၎င်းလက်ထဲမှဗုံးပါ​ပေါက်ကွဲ၍ ၎င်းနှင့်အတူရှိသူ ၈ ဦးပါ​သေဆုံးခဲ့​တယ်လို့ ကိုမူတူးက​ပြောပါတယ်။

ဒါ့အပြင် ပျူ​ခေါင်း​ဆောင်နဲ့ အဖွဲ့ဆီကနေ ပွိုင့်22 လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်လက်လုပ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင်ကျည် ၁၀ တောင့်၊ ပ္ပိုင့်22ကျည် ၆ တောင့်၊ ဆိုင်ကယ် ၂ စီးနဲ့ ပျူစောထီး သက်သေခံ အထောက်အထားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်မှာ ပျူ​ခေါင်း​ဆောင်ဟာ စစ်မှုထမ်း​ဟောင်းဖြစ်တယ်ဆိုတဲ့ ကတ်ကိုပါ​တွေ့ရပါတယ် ။

စစ်ကောင်စီကတော့ ဂန့်ဂါရပ်ကွက်မှာပဌာန်းပွဲလုပ်ဖို့ အတွက် ဓမ္မာရုံမှာ ရပ်မိ၊ရပ်ဖ ၁၅ဦးက အစည်းအဝေးလုပ် အလှူငွေကောက်ခံနေစဉ်မှာNUG လက်​အောက်ခံ PDF တွေကထော်လာဂျီနဲ့လာရောက် ပစ်ခတ်ခဲ့တာလို့ ဝါဒဖြန့်နေပါတယ် ။ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အပါအဝင် ရပ်မိ၊ရပ်ဖဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ အမျိုးသား ၉ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါ အဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့စစ်​ကောင်စီကထုတ်ပြန်ကာတယ် ။

ဒါ​ပေမယ့်ထ​နောင်း​မြေစစ်​ကြောင်းဟာ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) လက်​အောက်ခံလက်နက်ကိုင်အဖွဲ့မဟုတ်ဘူးလို့ သိရပါတယ် ။

ဒါအပြင် PDF​တွေက ပဌာန်းပွဲအတွက် ကောက်ခံထားတဲ့ အလှူငွေတွေလည်း ယူသွားတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်​တွေကဖြန့်ချီထားပါတယ် ။ ဒါ​ပေမယ့် ရပ်ကွက် အုပ်ချုပ်​ရေးမှူး ​ဇော်​ဇော်ဟာ ပြည်သူ့စစ်မှုထမ်းဖြစ်တယ် ၊ပျူ​စောထီးဖြစ်တယ်ဆိုတာကို​တော့ ထုတ်ပြန်ချက်မှာ​ဖော်ပြမထားပါဘူး ။ဒါအပြင်စစ်​ကောင်စီကထုတ်ပြန်တာမှာ ပျူ​ခေါင်းဆာင် ​ဇော်​ဇော်​သေဆုံးတာကိုမပြဘဲ တခြားသူ​တွေ ​သေဆုံးတာကိုပဲ ဓါတ်ပုံ​တွေထုတ်ပြန်ထားတာကို​တွေ့ရပါတယ် ။

ဒါ​ပေမယ့် ထနောင်းမြေစစ်ကြောင်းရဲ့ IO ကိုမူတူးက​တော့သေဆုံးသူတွေထဲ ပြည်သူမပါဝင်ဘဲ ပျူခေါင်းဆောင်နောက်လိုက်တွေသာ ဖြစ်တယ်လို့ဆိုပါတယ် ။ဒါအပြင် ပဌာန်းပွဲအတွက်အစည်းအ​ဝေးလုပ်တာမဟုတ်ပဲ ရပ်ကွက်ထိပ်ဇရပ်မှာ ဆက်​ကြေး​ကောက်​နေကြတာလို့ သူကဆက်​ပြောပါတယ်။

ပျူခေါင်းဆောင်ကို ဦးတည်သွားပစ်တာဖြစ်ပြီး ပျူ​တွေရဲ့ လက်ပစ်ဗုံးကို ကျည်ထိရာကနေ ဗုံးပေါက်ကွဲ ၈ ဦးအထိ သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ထနောင်းမြေစစ်ကြောင်းက IO ကိုမူတူးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ထနောင်းမြေစစ်‌ကြောင်းနဲ့အတူ BAGAN&NYAUNG -U Special Task Forceတို့က ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုမှာ ပျူ​ခေါင်း​ဆောင်​ဇော်​ဇော်မှအပ ကျန်​သေဆုံးခဲ့သူ​တွေဟာ ပြည်သူ​တွေလား ၊ပျူ​စောထီးနဲ့ပျူ​နောက်လိုက်​တွေလားဆိုတာကို​တော့ People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။

အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက် ဂန့်ဂါရွာဒေသခံတွေအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံအချို့ဟာ မနေရဲတော့ဘဲ တခြားနေရာတွေဆီ ဘေးလွတ်ရာတိမ်းရှောင်နေကြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကြောက်လန့်ပြီး ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ဂန့်ဂါရွာခံတွေသုံးရက်အတွင်းပြန်လည်နေထိုင်ကြဖို့ စစ်တပ်က ဖိအားပေးနေတယ်လို့ ပုဂံမြို့ခံတချို့က ပြောပါတယ်။

“အားလုံးပြေးကုန်ကြပြီ ကြောက်နေကြတယ်။ အခုစစ်တပ်ကဝင်ပြီး ပြန်နေကြဖို့ ပြောနေတယ်။ သုံးရက်အချိန်ပေးတယ်ပေါ့။ ပြန်မလာရင် မီးရှို့မယ်လို့ပြောတယ်”လို့ သူကဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။