Connect with us

Hi, what are you looking for?

သတင်း

နစ်မြုပ်မြန်မာစက်လှေကြောင့် သန္တာကျောက်တန်း ပျက်စီးမှုကို နစ်နာကြေးတောင်းဖို့ ထိုင်းစီစဉ်

ထိုင်းနိုင်ငံမှာနစ်မြုပ်ခဲ့တဲ့မြန်မာကုန်တင်စက်လှေကြောင့် သန္တာကျောက်တန်းတွေ ထိခိုက်ပျက်စီးမှုအတွက် နစ်နာကြေး တောင်းခံဖို့ စီစဉ်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နစ်မြုပ်စက်​လှေနဲ့ သန္တာ​ကျောက်တန်း​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-Department of National Parks, Wildlife and Plant Conservation

ဇွန်-၄၊၂၀၂၅။People’s Spring

ထိုင်းနိုင်ငံမှာနစ်မြုပ်ခဲ့တဲ့မြန်မာကုန်တင်စက်လှေကြောင့် သန္တာကျောက်တန်းတွေ ထိခိုက်ပျက်စီးမှုအတွက် နစ်နာကြေး တောင်းခံဖို့ စီစဉ်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အမှုထမ်း ၇ ဦး ပါဝင်တဲ့ MV Ayar Linn(​ဧရာလင်း) စက်လှေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရနောင်းကနေ ကုန်စည်တွေ တင်ဆောင်ပြီး မြန်မာနိုင်ငံဖက် ခုတ်မောင်းလာချိန် ကိုယ်ထည်ထဲ ရေဝင်တဲ့ အခြေအနေနဲ့ ကြုံခဲ့ပါတယ်။ အဲဒါကြောင့် ရေယာဉ်မှူး အောင်ငွေစိုးဟာ အနီးဆုံး ကမ်းရိုးတန်းမှာ ဆိုက်ကပ်ဖို့ ကြိုးစားရင်းဖူးခက်မှာရှိတဲ့ မူကိုဆူရင် အမျိုးသား သဘာဝ ဥယျာဉ် ဧရိယာ ရေပြင်မှာ စက်လှေက သောင်တင်သွားခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့မှာတော့ အဲဒီတန် ၅၀၀ အလေးချိန်ရှိတဲ့ စက်လှေက ပင်လယ်ကြမ်းပြင်အောက်ကို နစ်မြုပ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းမီဒီယာတချို့ကတော့ရေယာဉ်ဟာမြန်မာကမ်းခြေစောင့်အာဏာပိုင်တွေကိုရှောင်တိမ်း ထွက်ပြေးရာက ပင်လယ်ပြင်မှာ ပြဿနာ ကြုံခဲ့တာလို့ ခန့်မှန်း ဖော်ပြခဲ့ပါတယ်။

ထိုင်းအမျိုးသား ဥယျာဉ်များ၊ သားရိုင်းတိရစ္ဆာန်နှင့် အပင်များ ထိန်းသိမ်းရေး ဌာနဟာ MV Ayar Linn နစ်မြုပ်မှုကြောင့် သန္တာကျောက်တန်းတွေနဲ့ ရေအောက် ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက် ပျက်စီးစေခဲ့တယ်လို့ ပြောပါတယ်။

သင်္ဘော သောင်မတင်ခင်မှာအမြန်ခုတ်မောင်းရာက သန္တာကျောက်တန်းတွေ တလျှောက်မှာ ၇၅ မီတာ ရှည်တဲ့ထိခိုက်ပျက်စီးမှု စွပ်ကြောင်းကြီး ကျန်ခဲ့တယ်လို့ ဌာနက စွပ်စွဲထားပါတယ်။

ဒီဖြစ်စဉ်ဟာရေအောက် ဇီဝမျိုးကွဲတွေကို အကြီးအကျယ် ထိခိုက်စေသလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အားထုတ်မှုတွေကိုလည်း အနှောင့်အယှက် ပေးခဲ့တယ်လို့ ဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ဘတ် ၁၂ သန်းလောက် လျော်ကြေးတောင်းဖို့ စီစဉ်နေပါတယ်။ အဲဒီငွေပမာဏဟာအမေရိကန်ဒေါ်လာ ၃၆၆,၆၀၀ လောက်နဲ့ ညီမျှပါတယ်။

ရေယာဉ်နစ်မြုပ်မှုမှာစုစုပေါင်း၁၅၀စတုရန်းကီလိုမီတာလောက် ကျယ်ဝန်းတဲ့ နေရာထဲက သန္တာကျောက်တန်း မျိုးစိတ် ၆ ခုအပေါ် သက်ရောက် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ ကားတာယာတွေ၊ အထည်စတွေ၊ ကတ်ထူစက္ကူပုံးတွေ၊ ရာဘာရေပိုက်တွေနဲ့ တခြား လူသုံးကုန် ပစ္စည်းတွေ ပျံ့နှံ့ကုန်တာကလည်း ဂေဟစနစ်ကို ခြိမ်းခြောက်နေတယ်လို့ ဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ရေယာဉ်နဲ့အမှိုက်သရိုက်အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းဖို့ စီစဉ်နေပေမယ့် မိုးရာသီမှာ မုတ်သုံလေစီးကြောင်း ပြင်းထန်ပြီး လှိုင်းတွေလည်း ကြီးနေတာကြောင့် ဆယ်ယူရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။