Connect with us

Hi, what are you looking for?

News

မန္တလေးမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ နေရာ ၃ ခုပေါက်ကွဲမှုတွေဖြစ်၊ အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့

မြရည်နန္ဒာအုပ်ချုပ်ရေးမှူးရုံးကတော့ မနက် ၁၁နာရီ နဲ့ မွန်းလွဲ ၁နာရီကျော်လောက်တို့မှာ ဗုံးပစ်ခဲ့ရတယ်လို့သိရပါတယ်။

People's Spring
People's Spring

ဒီနေ့ မန္တလေးမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ နေရာ ၃ ခု ပေါက်ကွဲမှုတွေဖြစ်ပြီး အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာတွေကတော့ ချမ်းအေးသာစံမြို့နယ် စုပေါင်းရုံး ၊ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ အမရပူရမြို့နယ် စွယ်တော်ကညန ရုံးနေရာတို့ဖြစ်ပါတယ်။

ချမ်းအေးသာစံမြို့နယ် စုပေါင်းရုံးမှာ မနက် ၁၁ နာရီလောက်က ရုံးဝင်းထဲကို ဗုံးနဲ့အပစ်ခံရတာပါ။

မြရည်နန္ဒာအုပ်ချုပ်ရေးမှူးရုံးကတော့ မနက် ၁၁နာရီ နဲ့ မွန်းလွဲ ၁နာရီကျော်လောက်တို့မှာ ဗုံးပစ်ခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီပေါက်ကွဲမှုမှာ ရာအိမ်မှူး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အမရပူရမြို့နယ် စွယ်တော်ဘုရားအနီး မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (တောင်ပိုင်းရုံး)ရှေ့မှာလည်း မနက် ၁၀နာရီလောက် ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်အဖွဲ့ တို့ကြားအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကညနရုံးရှေ့က ရဲကင်းဘန်ကာ ကို ဗုံးပစ်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်ရာမှာ လက်နက်ကိုင်ဘက်ကလည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ဒီပစ်ခတ်မှုမှာ ၂ ဖက် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့သိရပါတယ်။

ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေနဲ့ပါ လှည့်လည်စစ်ဆေးနေတာကိုတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။