Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကအင်အားအများအပြားဖြင့် မိုးဗြဲမြို့ကိုထပ်မံထိုးစစ်ဆင်

ကရင်နီ​တော်လှန်​ရေးတပ်ပေါင်းစုများထိန်းချုပ်ထားသည့် ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားသုံး၍ ယနေ့ (ဇွန်လ ၇ ရက်) တွင် ထိုးစစ်ဆင်လာသည်။

တစ်​လေးလုံးစစ်ဆင်​ရေးဖြင့် ​တော်လှန်​ရေးတပ်များက မိုးဗြဲမြို့ကိုသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-KNDF

ဇွန်-၇၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီ​တော်လှန်​ရေးတပ်ပေါင်းစုများထိန်းချုပ်ထားသည့် ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားသုံး၍ ယနေ့ (ဇွန်လ ၇ ရက်) တွင် ထိုးစစ်ဆင်လာသည်။

ယခုနှစ်စပိုင်းကစ၍ မိုးဗြဲ မြို့ကိုပြန်သိမ်းပိုက်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ငါးကြိမ်ထက်မနည်း ထိုးစစ်ဆင်ခဲ့ပြီး မ​အောင်မြင်ဘဲ အကြိမ်ကြိမ်​နောက်ဆုတ်သွားခဲ့ရပြီး ယခုအကြိမ်ထိုးစစ်သည်လည်းပြင်းထန်သည်ဟု မြေပြင်ရဲဘော် အချို့က ဆိုသည်။ ကရင်နီတပ်​ပေါင်းစုက မိုးဗြဲမြို့ကို ၂၀၂၃ နိုဝင်ဘာ ၁၁ ရ်တွင်စတင်သည့် တစ်​လေးလုံးစစ်ဆင်​ရေးတွင်သိမ်းပိုက်ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

“အင်းအားတော်တော်များတယ်။ရှိသမျှအားသုံးပြီး တက်လာတဲ့ပုံစံမျိုး။ဒီလောက်ပဲ ပြောနိုင်သေးတယ် “ဟု မိုးဗြဲမြို့တွင်ခုခံကာကွယ်နေသည့် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်ရေးအခြေအနေကြောင့် ရှမ်း-ကရင်နီနယ်ဒေသရှိ မိုးဗြဲတွင် တော်လှန်ရေးတပ်ပေါင်းစုများသည် မိုးဗြဲလမ်းမကြီးကို ဖြတ်သန်းခွင့်အချိန်ကာလအကန့်အသတ်မရှိပိတ်ထားမည်ဖြစ်​ကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ဇွန်လ ၇ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။

ထို့ကြောင့်ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ဒေသခံပြည် သူလူထုများ ၊ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိုးဗြဲလမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် ဆက်စပ်သတိပေးသည်။

ကာကွယ်ရေးတပ်များမှ လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းပါဝင်ပေးရန် ပါ မေတ္တာရပ်ခံထားသည်။

“စကစ ဘက်က အပြင်းအထန်ထိုးစစ်ဆင်နေတာ ဟုတ်တယ်”ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ် ၁ တာဝန်ရှိသူက လူထုနွေဦးသို့ ဇွန် ၇ ရက်ည ၁၁ နာရီတွင်အတည်ပြုသည်။

စစ်ကောင်စီသည် ကရင်နီပြည်သို့ ဝင်ပေါက်ဖြစ်သော မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် အဓမ္မစု​ဆောင်းထား​သောစစ်သားသစ်များနှင့် PNO ပြည်သူ့စစ်များစွာ အသုံးပြု၍ အပြင်းအထန်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

အင်အား ၆၀၀ ထက်မနည်းသည့် စစ်ကောင်စီ၏ မိုးဗြဲ မြို့ စစ်ကြောင်းအပြင် မိုးဗြဲ-ကုန်းသာ နှင့် ဖယ်ခုံ- ညောင်ရွေမြို့နယ်တို့မှ စစ်ကောင်စီ၏ ဘက်ပေါင်းစုံထိုးစစ်ကို တော်လှန်ရေးအင်အားစုများ​ကလည်း ခုခံကာကွယ်နေခြင်းဖြစ်သည်။

ထုတ်ပြန်ထားသည့် စစ်ရေးအချက်အလက်များအရ ယခုနှစ် မိုးဗြဲ မြို့ တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၀ ဦးကျော်ကျဆုံးထားကာ စစ်ကောင်စီဘက်မှ သေဆုံး သူ ၆၀ ထက်မနည်းရှိပြီး ၎င်းတို့ထံမှ လက်နက် ၂၀ ခန့်ကို သိမ်းဆည်းရရှိထားသည်။

စစ်ကောင်စီအနေဖြင့်မိုးဗြဲမြို့ကိုပြန်လည်ရရှိပါက လွိုင်ကော်နှင့် မိုးဗြဲ မြို့ဆက်ထားသည့် လမ်းမကြီးကို ထိန်းချုပ်ကာ ရှမ်းပြည်တောင်ပိုင်း၎င်း၏ တပ်ကူများကို ကရင်နီပြည်နယ်အတွင်းသို့ အလွယ်တကူ စစ်ကူပို့နိုင်သည့်အခြေအနေရှိလာနိုင်မည်ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်များက သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။