Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း နဲ့ အမရပူရမြို့မှာ မိုးများလို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နေ

ငလျင်ဒဏ်သင့် စစ်ကိုင်းနဲ့ အမရပူရမြို့မှာ မိုးများလို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့၊မင်းလမ်းနဲ့ အမရပူရမြို့မှာ မိုး​ကောင်းပြီယရေများ ဝင်ရောက်နေစဥ်။ ဓာတ်ပုံ-CJ

ဇွန်-၁၁၊၂၀၂၅။ မေရီ/People’s Spring

ငလျင်ဒဏ်သင့် စစ်ကိုင်းနဲ့ အမရပူရမြို့မှာ မိုးများလို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇွန်လ (၁၀)ရက် ညက စစ်ကိုင်းနဲ့ အမရပူရမြို့တွေမှာ ည (၁၁) နာရီက စတင်ရွာသွန်းခဲ့တဲ့မိုးဟာ တညလုံးသည်းထန်ခဲ့တာကြောင့် ငလျင်ဒဏ်သင့်ခဲ့တဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေအိမ်ထဲအထိ ရေတွေဝင်ရောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“အိမ်တွေထဲအထိဝင်တာ။ ရေခဲသေတ္တာတို့ လျှပ်စစ်ပစ္စည်းတွေ အမြန် မ နိုင်လို့ မပျက်တာ။”လို့ အမရပူရမြို့က အမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့မှာလည်းငလျင်ဒဏ်ထိထားပြီးပြိုကျထားတဲ့ရပ်ကွက်တွေမှာ မိုးများပြီး ရေတွေမြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုက မိုးကြီးလို့ဝင်တာ။ မြစ်ရေကလည်း လာတော့မယ်။”လို့ စစ်ကိုင်းဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ယာယီတဲနဲ့ နေထိုင်သူတွေလည်း အများအပြားရှိနေသေးတာကြောင့် မိုးများလို့ အခက်အခဲဖြစ်နေတယ်လို့လည်း နေထိုင်သူတွေက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ လာမယ့် ဇွန်လ (၁၅)ရက်အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်း‌ပြည်နယ်‌မြောက်ပိုင်းတို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ် ။ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြုနေထိုင်ကြဖို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။