Connect with us

Hi, what are you looking for?

News

မုံးကိုးနှင့် သိန္နီတိုက်ပွဲ၌ စစ်ကောင်စီတပ်ယာဉ် ၉စီးကို ဖျက်ဆီးနိုင်ခဲ့ဟု ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုး ခရိုင် နှင့် မူပန်ခရိုင်(သိန္နီ) ၌ တိုက်ပွဲများဆက်လျက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ကူလာသော ယာဉ်တန်းများကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာ ၁၁ရက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ယာဉ်များကို နေရာ သုံးနေရာ၌ တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုး ခရိုင် နှင့် မူပန်ခရိုင်(သိန္နီ) ၌ တိုက်ပွဲများဆက်လျက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ကူလာသော ယာဉ်တန်းများကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သိန္နီခရိုင် ၊ နမ့်စလပ် မှကိုးကန့် ကွမ်းလုံဒေသသို့ စစ်ကူရန်လာသည့် စစ်ကား ၂၈စီး ကို MNDAAက နိုဝင်ဘာ ၁၁ရက်မနက်ပိုင်း၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ် ၂စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ညနေပိုင်းတွင် (၃၇) နှင့် (၃၈)မိုင် ကြားတွင် စစ်‌ကောင်စီ၏ ယာဉ်တန်းများကို ထပ်မံတိုက်ခိုက်ရာ စစ်ကားငါးစီ ထပ်မံဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၁၁ရက် နံနက်ပိုင်းက မုံးကိုးခရိုင် ဟွာချောင်ရှာ စွန်း‌တောင်ကုန်းမှ စစ်ကောင်စီ၏စစ်ကူယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီးကို ထပ်မံဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

မုံးကိုးခရိုင်၊ ပန်ရင်လပ ဒေသ၊ မုံးကိုးခရိုင်မန်ဖာ ဒေသ နှင့် သိန္နီခရိုင်ပန်လုံရွာ တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း MNDAAက ဆိုသည်။

MNDAA အနေဖြင့် နိုဝင်ဘာ ၁၀ရက်တွင် မုံးကိုးဒေသမှ ၎င်းတို့ တပ်စွဲထားရာ နေရာသုံးခုမှ ဆုတ်ခွာပေးမည်ဟု ကြေညာခဲ့သော်လည်း တိုက်ပွဲများ ဆက်ဖြစ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook