Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းဆီက အင်တာနက်နဲ့ ဓာတ်အား ဝယ်ယူမှုတွေ ရပ်တော့မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဆို

ထိုင်းနိုင်ငံဆီကနေ အင်တာနက် ချိတ်ဆက်မှုနဲ့ လျှပ်စစ်ဓာတ်အားတွေ ဝယ်ယူနေတာကို ရပ်တန့်တော့မယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

Hun Manet/Facebook

ထိုင်းနိုင်ငံဆီကနေ အင်တာနက် ချိတ်ဆက်မှုနဲ့ လျှပ်စစ်ဓာတ်အားတွေ ဝယ်ယူနေတာကို ရပ်တန့်တော့မယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ပြီးခဲ့တဲ့လက နယ်စပ်မှာ လက်နက်ကိုင် ပဋိပက္ခ အသေးစားတစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်းမှာ ကမ္ဘောဒီးယားဖက်က အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ထိုင်းဆီကနေ အင်တာနက် ချိတ်ဆက်မှုနဲ့ ဓာတ်အား သွယ်တန်း ဝယ်ယူမှုတွေ ရပ်တန့်တော့မယ် ဆိုတာကို Facebook ပေါ်မှာ ဇွန်လ ၁၂ ရက်နေ့ ညပိုင်းက အတည်ပြုသွားခဲ့ပါတယ်။

ထိုင်းဖက်က အစွန်းရောက် အမြင်ရှိတဲ့ အစုအဖွဲ့တွေက ကမ္ဘောဒီးယားဆီ အင်တာနက်နဲ့ ဓာတ်အား ရောင်းချမှုတွေ ရပ်တန့်ဖို့ လူမှုကွန်ရက်ပေါ်မှာ သွေးထိုး တောင်းဆိုနေတာတွေကို တွေ့ခဲ့ကြောင်း၊ အဲဒီနောက် ထိုင်းဖက်က လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ ကမ္ဘောဒီးယားဖက်ကို အဲဒီ အထောက်အပံ့တွေ ဖြတ်တောက်သင့်မသင့် ဇဝေဇဝါ ဖြစ်မနေစေချင်တာရယ်၊ ကမ္ဘောဒီးယား အနေနဲ့ လိုအပ်တဲ့ ဓာတ်အားနဲ့ အင်တာနက် ချိတ်ဆက်မှုတွေကို ကိုယ်ပိုင် ဖန်တီးယူနိုင်တယ်လို့ ယုံကြည်တာရယ်ကြောင့် ထိုင်းကို ဆက်ပြီး မမှီခိုတော့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဟွန်မာနတ်က ရေးသားထားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဟွန်မာနတ်က အဲဒီ ဆုံးဖြတ်ချက်ဟာ ထိုင်းအာဏာပိုင်တွေအတွက် မလိုလားအပ်တဲ့ အရှုပ်အထွေးတွေနဲ့ အခက်အခဲတွေ မဖြစ်စေချင်တာကြောင့်လို့ ပြောထားပေမယ့်လည်း လက်တွေ့မှာတော့ ထိုင်းဖက်က ဖြတ်တောက်တာမျိုး မလုပ်ခင် ကမ္ဘောဒီးယားဖက်က ဝယ်ယူမှု ရပ်တန့်လိုက်တဲ့ အဓိပ္ပါယ် ပိုဆန်ပါတယ်။

နယ်စပ် ပြဿနာတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ စစ်တပ်တွေက တင်းမာမှုတွေကို လျှော့ချဖို့ ကြိုးစားနေပေမယ့် တခြား ရှုထောင့်တွေမှာတော့ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ အရေးယူ တုံ့ပြန်မှုမျိုးတွေကို ထိုင်းက စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီထဲမှာ ကမ္ဘောဒီးယားဖက် ဓာတ်အားနဲ့ အင်တာနက် သွယ်တန်းထောက်ပံ့မှုတွေ ရပ်ဆိုင်းဖို့ ဆိုတာကလည်း ဖြစ်နိုင်ခြေ တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။

ဟွန်မာနတ်က စာတိုက်နဲ့ ဆက်သွယ်ရေးဝန်ကြီး ချီရာ ဗန်ဒက်သ်က ကမ္ဘောဒီးယားရဲ့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတွေ၊ ဖိုင်ဘာအင်တာနက်ကြိုးလိုင်း သွယ်တန်းမှု ကုမ္ပဏီတွေ အားလုံးဟာ ထိုင်းဆီကနေ bandwidth ဝယ်ယူမှုကို ရပ်တန့်တော့မှာ ဖြစ်တယ်လို့ သူ့ဆီ တင်ပြ အသိပေးထားကြောင်းလည်း ဆိုပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ ဇွန်လ ၁၃ ရက် ညသန်းခေါင်မှာ စတင် အသက်ဝင်လာမှာပါ။

နောက်ပြီး သတ္တုတွင်းနဲ့ စွမ်းအင် ဝန်ကြီး ကီရို ရာတာနက်ခ်ကလည်း ကမ္ဘောဒီးယားဟာ ပြည်တွင်း အသုံးပြုမှုအတွက် ဖူလုံတဲ့ ဓာတ်အား ပမာဏမျိုး ထုတ်လုပ်နိုင်စွမ်း ရှိနေပြီလို့ သူ့ဆီ အစီရင်ခံထားကြောင်း ဟွန်မာနတ်က Facebookမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။