Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က တပ်စွဲရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ့နေအိမ်ခြံဝန်းများ၌ မိုင်းများထောင်ထား၍ သတိထားရန် KIAထံ အလင်းဝင်သူပြော

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ လူထုနေအိမ် များ၌ နင်းမိုင်းနှင့် တိုက်မိုင်းများထောင်ထား၍ စစ်ရှောင် ပြည်သူများအနေဖြင့် မိမိနေအိမ် ပြန်ဝင်ရောက်ပါက မိုင်းသတိ ပြု သွားလာနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ အလင်းဝင်လာသည့် တပ်သားကျော်ဇေယျာထွန်းက ပြောပြသည်။

ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ လူထုနေအိမ် များ၌ နင်းမိုင်းနှင့် တိုက်မိုင်းများထောင်ထား၍ စစ်ရှောင် ပြည်သူများအနေဖြင့် မိမိနေအိမ် ပြန်ဝင်ရောက်ပါက မိုင်းသတိ ပြု သွားလာနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ အလင်းဝင်လာသည့် တပ်သားကျော်ဇေယျာထွန်းက ပြောပြသည်။

ဗန်းမော်စစ်မြေပြင်၌ KIA ထံ အလင်းဝင်လာသည့် တပ်မ (၈၈)လက်အောက်ခံ ခမရ(၄၁၅) တပ်မှ တပ်သား ကျော်ဇေယျာထွန်း၏ ထုတ်ဖော်ပြောကြားမှု အပိုင်း(၂) ရုပ်သံကို သတင်းရင်းမြစ်က ပေးပို့လာခြင်းဖြစ်ပြီး ယင်းရုပ်သံ၌ စစ်တပ်က မိုင်းများ ထောင်ထားသည်ကို ဖွင့်ပြောခဲ့သည်။

https://www.facebook.com/LuduNwayOo/videos/2189960838189107

Public Service Announcement

Public Service Announcement

“ရာဇဝတ်မှုကျူးလွန်တာကတော့ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ပတ်ပတ်လည်ကို မိုင်းထောင်ထားတာ။ မိုင်းထောင်ထားတာကတိုက်မိုင်း ၊နင်းမိုင်း အစုံပဲထောင်ထားတာ။ ကျနော်တို့ ကိုယ်တိုင်တောင် အဲဒီဘုန်းကြီးကျောင်း အောက်ထဲကိုမသွားရဲဘူး။ ကျောင်းပတ်ပတ်လည်ကို။ ဘုန်းကြီးကျောင်းကတော့ ဗန်းမော်တက္ကသိုလ်ရဲ့ အစွန်က ဘုန်းကြီးကျောင်း” ဟု တပ်သား ကျော်ဇေယျာထွန်းကပြောသည်။

မိုင်းထောင်ခြင်းကို ဒုတပ်ကြပ် ကိုကိုလင်းအောင် နှင့် BEတပ်က လုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်းဖွင့်ချ​ပြောကြားခဲ့သည်။

ထိုအပြင် နမ့်ဟားရွာရှုခင်းသာဘီယာဆိုင်၌လည်း စစ်တပ်က မိုင်းထောင်ခဲ့ဟုဆိုသည်။

“ကျနော်တို့ ပြန်ဆုတ်တော့မယ့်အချိန် ဘီယာဆိုင်ရဲ့ အဓိက လူသွားလူလာလမ်းမှာ တိုက်မိုင်းနဲ့နင်းမိုင်းတွေထောင်ပါတယ်။ ကျနော်တို့တောင်ပြောသေးတယ်။ အကယ်၍ ကိုယ်သွားလိုက်လို့ ပြည်သူတွေဝင်လာမယ်ဆိုရင်ရောဆိုတော့ အဲဒါ ငါတို့နဲ့ မဆိုင်ဘူးလို့ပြောပြီးမှသူက ပြန်ဆုတ်လာတာ” ဟု တပ်သား ကျော်ဇေယျာထွန်းက ပြောသည်။

စခန်းချသည့် အိမ်၊ ကင်းချခဲ့သည့်အိမ်များလည်းလည်းထိုသို့မိုင်းထောင်ခဲ့ဟုဆိုသည်။ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းများလည်းပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း ၎င်းက ပြောပြသည်။ ထို့ပြင် အိမ်တွင်းရှိပစ္စည်းများ ယူဆောင်ပြီး သယ်မရသည့် ပစ္စည်းများကို ဖျက်ဆီး ခဲ့ဟု ပြောသည်။

စစ်ကြောင်းပြန်ထွက်သွားပါကအဓိက လူသွားလူလာနေရာများ၌ မိုင်းများထောင်ထားခဲ့၍ ပြည်သူများ သတိပြုရန် ၎င်းက သတိ​ပေးသည်။

“ပြည်သူတွေအနေနဲ့ မိမိအိမ်ယာ ရပ်ရွာ မြို့နယ် ပြန်သွားတဲ့အချိန်ကျရင်လူကြီးဖြစ်ပါစေ၊ ကလေးသူငယ်ဖြစ်ပါစေ အဓိကတော့ အိမ်တွင်း ခြံဝင်း၀ အဓိက မီးဖိုချောင် လူအဝင်အထွက်များတဲ့နေရာတွေမှာ အသွားအလာကို သတိနဲ့သွားဖို့ ပြောချင်ပါတယ်။ အဓိက သူတို့ ထောင်သွားခဲ့တာက လူသွားလူလာ အဝင်များတဲ့နေရာတွေ” ဟု အလင်းဝင် စစ်သား ကျော်ဇေယျာထွန်းကသည်။

ဘုန်းကြီးကျောင်းနှင့် ဘုရားအတက်အဆင်းနေရာများ၌မိုင်းထောင်ထားလေ့ရှိဟု ပြောပြသည်။ အချို့မှာထပြီး ကွဲသွားသည့် မိုင်းများရှိသကဲ့သို့ အချို့မှာ မိုင်းများ အသက် ရှိနေသေး၍ အချိန်မရွေးကွဲနိုင်ဟု ပြောသည်။ မိုင်းကြောင့် ကလေးငယ်အချို့ထိခိုက်ခဲ့သည့် ဖြစ်စဉ်ကိုလည်းကြားသိရကြောင်း၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် နင်းမိုင်းနှင့် တိုက်မိုင်းကို အသုံးများပြီးတိုက်မိုင်းကို လက်ပစ်ဗုံး၊ ကြိုး တို့ အသုံးပြု ထောင်ထားခြင်းဖြစ်သည်ဟုပြောသည်။

KIA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များက စကခ (၂၁)ရှိရာ ကချင်ပြည်နယ်ဒုတိယမြို့​တော် ဗန်း​မော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာလဆန်းမှစ၍ ဆင်းနွှဲ​နေရာ ၆ လ​ကျော်လာပြီဖြစ်သည်။စကခ (၂၁) နှင့် တပ်ရင်းအချို့ ကျန်​နေ​သေးပြီးအပြီးသတ်မသိမ်းနိုင်​သေး​သော်လည်း မြို့၏ ​နေရာအများစု ၊တပ်ရင်း တပ်စခန်းအများစုကို KIA ကသိမ်းပိုက်ထားသည်။ထို့အပြင် ဗန်း​မော်မြို့သိမ်းတိုက်ပွဲတွင် အလင်းဝင် စစ်သား နှင့် စစ်သုံ့ပန်း အများအပြားလည်းရှိ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။