Connect with us

Hi, what are you looking for?

သတင်း

သုံးတန်းကျောင်းသူကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်တဲ့ လင်မယားကို ဖမ်းမိပြီလို့ စစ်ကောင်စီဆို

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့နယ်အတွင်း သုံးတန်း မိန်းကလေးငယ်ကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်တဲ့အမှုမှာ အိမ်နီးချင်းလင်မယား ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဇွန် – ၁၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့နယ်အတွင်း သုံးတန်း မိန်းကလေးငယ်ကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်တဲ့အမှုမှာ အိမ်နီးချင်းလင်မယား ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ မတ္ထီလာမြို့နယ် ၊ ဒဟတ္တန်း ကျေးရွာမှာ အခုလ ဇွန်လ ၇ ရက်က ဖြစ်ပွားခဲ့တာပါ။

ဇွန်လ ၇ ရက်မှာ သုံးတန်းကျောင်းသူ အသက် ခုနှစ်နှစ်အရွယ် မနှင်းရတီ ကျုရှင်အသွား လမ်းမှာပျောက်သွားတာကြောင့် ရှာဖွေရာ ငါးရက်အကြာမှာတော့ ပီနံအိတ်နဲ့ ထုတ်ထားတဲ့ ရုပ်အလောင်းကို ရွာသုသာန် အနီးမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဒီအမှုမှာ သတ်ဖြတ်သူတွေဟာ ကလေးငယ် နဲ့ အိမ်နီးချင်း တွေဖြစ်တဲ့ ကို စိုးမင်းအောင်နဲ့ မလင်းဇာနည်ဇော် တို့ လင်မယားနှစ်ဦး ဖြစ်တယ်လို့ဆိုထားပါတယ်။

အဲဒီလင်မယားဟာ ဈေးဖိုးမရှိတဲ့အတွက် ကလေးကို အိမ်ခေါ်ပြီး နားကပ်တောင်းရာ မပေးတာကြောင့် ပါးစပ်ပိတ်၊ လည်ပင်းညှစ်ရာမှာ ကလေး သေဆုံးသွားပြီး အလောင်းကိုတော့ ဆာလာအိတ်နဲ့ထုပ်ကာ လင်မယားနှစ်ယောက်လုံး ရွာ သုသာန်မှာ စွန့်ပစ်ခဲ့တာလို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို ရှာတွေ့ပြီး နောက်ရက်မှာ အိမ်နီးချင်း လင်မယားကို ဖမ်းမိသလို ကလေးငယ်ရဲ့ နားကပ်ကို မိတ္ထီလာ ဈေးက ရွှေဆိုင်မှာ သွားရောင်းထားတာကို သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အခုတော့ ဖမ်းထားသူ လင်မယားကို လူသတ်မှု ၊ ပစ္စည်းလုယက်မှုတို့နဲ့ မိတ္ထီလာမြို့မရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။