Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ကျပ်သိန်း ၇၀၀၀ ကျော်ကို ​ဆေးရုံ​ဆောက်ရန် ဖြူဖြူ​ကျော်သိန်းရဲ့ ဂျပန်နိုင်ငံ​ဖျော်​ဖြေ​ပွဲရ​ငွေဖြင့် လှူဒါန်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစ်ိုးရ၊ကျန်းမာရေးဝန်ကြီးဌာန၏ Safe Hospital Safe Healthcare ကမ်ပိန်းအတွက် သိန်း ၇၀၀၀ ကျော်လှူဒါန်းခဲ့ ကြောင်း Phyu Phyu in Japan ကအသိပေးထားသည်။

ဖြူဖြူ​ကျော်သိန်း က ဂျပန်နိုင်ငံတွင် Phyu Phyu in Japan ​ဖျော်​ဖြေပွဲပြုလုပ်စဥ်။ ဓါတ်ပုံ- Phyu Phyu Kyaw Thein's Facebook

ဇွန်-၁၉၊၂၀၂၅။ဆဏ်း/People’s Spring

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစ်ိုးရ၊ကျန်းမာရေးဝန်ကြီးဌာန၏ Safe Hospital Safe Healthcare ကမ်ပိန်းအတွက် သိန်း ၇၀၀၀ ကျော်လှူဒါန်းခဲ့ ကြောင်း Phyu Phyu in Japan ကအသိပေးထားသည်။

“အန်တီစုရဲ့ အသက် ၈၀ ပြည့်မွေးနေ့အတွက် အလှူလေးပါ။ Safe Hospital Safe Healthcare project ရဲ့ လိုအပ်နေသေးတဲ့ 40% ဖြစ်တဲ့ USD 160,000 (မြန်မာငွေကျပ်သိန်း ၇၀၀၀ ကျော်) ကို Phyu Phyu in Japan မှ ပါဝင်အားဖြည့်လှူဒါန်းပါတယ်။ အန်တီသက်ရှည် ကျန်းမာ အန္တရာယ်ကင်းပါစေရှင့်။”ဟုဖြူဖြူကျော်သိန်းက ဆုတောင်းပေးထားသည်။

Safe Hospital Safe Healthcare ကမ်ပိန်း သည် စစ်ကောင်စီ ၏လေကြောင်းမှပစ်မှတ်ထားတိုက်ခိုက်နေသော ဒေသများတွင် လေကြောင်းဒဏ်ခံနိုင်သည့် ဆေးရုံများတည်ဆောက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Phyu Phyu in Japan ဖျော်ဖြေပွဲကို ပြီးခဲ့သည့် မေလ ၂၅ ရက်က ဂျပန်နိုင်ငံ ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖျော်ဖြေပွဲမှ ယန်း သန်း ၇၀ ကျော်(မြန်မာငွေကျပ်သိန်းနှစ်သောင်းခန့်) ရရှိခဲ့သည်။

ပြည်တွင်းရှိ လိုအပ်သည့်နေရာများကို ထောက်ပို့ပေးနိုင်ရန် ရည်ရွယ်၍တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲများကို လန်ဒန် ၊ ကိုရီးယား ၊ ဆစ်ဒနီ ၊ မဲလ်ဘုန်း နှင့် ဂျပန်နိုင်ငံတို့၌ ပြုလုပ်ခဲ့ပြီး ရန်ပုံငွေ ကျပ်သိန်းပေါင်း လေးသောင်းခန့် ရှာဖွေပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

အဆိုတော်ဖြူဖြူ‌ကျော်သိန်းက ဗီဇာမရတာကြောင့် နယူး‌ယောက်မှာ ပြုလုပ်မယ့်ပွဲကို မလာနိုင်ပေမယ့် အွန်လိုင်းက ဖျော်ဖြေဖို့ စီစဉ်နေတယ်လို့ NYCBC က အသိပေးထားပါတယ်။

သတင်း

မြန်မာပြည်မှာ‌မွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ‌ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာ‌ကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။

Facebook