Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတစ်ဝန်း “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” ​ကြွေး​ကြော်သံ​​တွေ ဘဝဂ်ညံတဲ့​နေ့

မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်အပါအဝင်နိုင်ငံတစ်ဝန်းမှာ သပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၉)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်နှစ် မွေးနေ့အဖြစ် ပန်းသပိတ်နဲ့”ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ”ဆိုတဲ့​ကြွေး​ကြော်သံနဲ့ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၁၉၊၂၀၂၅။ သုည/People’s Spring

မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်အပါအဝင်နိုင်ငံတစ်ဝန်းမှာ သပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၉)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်နှစ် မွေးနေ့အဖြစ် ပန်းသပိတ်နဲ့”ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ”ဆိုတဲ့​ကြွေး​ကြော်သံနဲ့ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးတိုင်း တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေတနေရာမှာ Anti-junta Forces Coordination Committee – Mandalay (AFCC-MDY) က ဖက်ဆစ်တပ်ရဲ့ အဓမ္မ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လူထုသပိတ်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာလည်း ကျေးရွာ ၂၆ ရွာမှ ပြည်သူတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဆုတောင်းခြင်းနဲ့အတူ မွေးနေ့ရှင်နှင့်တကွ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်တစ်နေရာမှာလည်း ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်ကို လက်ပံတောင်းတောင်ပင်မသပိတ်နဲ့အတူ ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းနဲ့ယောကျာ်းမင်းသမီးဒေါင်းမင်းသူရိန်အဖွဲ့နှင့်ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲနဲ့ “အမေစုနဲ့တကွမတရားဖမ်းဆီးချုပ်နှောင်ခံထားရသောနိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး” ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အပြာရောင်ကံပိန်းလူထုသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

ဘုတလင်မြို့နယ်မှာလည်း ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းက “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” စာသားကိုင်ဆောင် ပြီး ဗ က သ ကျောင်းသားတွေ၊ ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရ၊ မွေးနေ့အထိမ်းအမှတ်ပန်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွှေဗန့်ဂျီ-သပိတ်အင်အားစု လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၈၀ပြည့် မွေးနေ့အထိမ်းအမှတ် မွေးနေ့ကိတ်ခွဲခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွှတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

တနင်္သါရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်ခဲ့ပါတယ်။

လောင်းလုံးမြို့နယ်မှာလည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ် ဆန္ဒပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ အဆိုအမိန့်တခုဖြစ်တဲ့ “စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ အကြောက်တရားမှ လွတ်မြောက်ရေးဖြစ်တယ်” ဆိုတဲ့ ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်တွင်လည်းတိုက်ပွဲ​​တွေဖြစ်​နေတဲ့ ကြားက ​မှော်လှည့်သပိတ်စစ်​ကြောင်းက လည်း​ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့အထိမ်းအမှတ် “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” ​ကြွေး​ကြေးသံ​တွေ ၊စာတမ်း​တွေကိုင်ဆွဲရင်းဆန္ဒထုတ်​ဖော်ခဲ့ကြပါတယ် ။

ဒါအပြင်နိုင်ငံတစ်ဝန်းက ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)တပ်ဖွဲ့ဝင်​တွေကလည်း ပုံစံမျိုးစုံနဲ့​ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့ ကိုဆု​တောင်း​ပေးခဲ့ကြပါတယ်။

ဓာတ်ပုံ – AFCC-MDY၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DDMSC ၊ဖားကန့်​မှော်လည့်သပိတ်

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)