အမေရိကန်နိုင်ငံသားဂျာနယ်လစ် ဒန်နီဖန်စတာကို မြန်မာစစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုဟာ အပြစ်မရှိသူတစ်ဦးအပေါ် မတရားစီရင်ချက်ချခြင်းဖြစ်ပြီး စစ်ကောင်စီရဲ့ဆုံး ဖြတ်ချက်ကို ပြစ်တင်ရှုတ်ချတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Ned Price က ထုတ်ပြန်ပါတယ်။
“ဒန်နီရဲ့အခြေအနေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပြီး သူအမြန်ဆုံးလွတ်မြောက်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒန်နီ သူ့မိသားစုဆီ၊ လုံခြုံစွာအိမ်ပြန်မရောက်မချင်း ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းနေမှာပါ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပါတယ်။
Frontier Myanmar သတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ဒန်နီဖန်စတာကို မတရားအသင်းဆက်သွယ်မှု အပါအဝင် အမှု ၃ ခုနဲ့ အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒန်နီဖန်စတာကို စွဲဆိုထားတဲ့အမှုတွေဟာ အာဏာမသိမ်းမီ ၂၀၂၀ ဇူလိုင်မတိုင်ခင် ကတည်းက အလုပ်လုပ်ခဲ့တဲ့ Myanmar Now သတင်းဌာနမှာ ဖော်ပြခဲ့တဲ့သတင်းတွေနဲ့ပတ်သက်လို့ စွဲဆိုခဲ့ တာဖြစ်ပါတယ်။ ၂၀၂၀ ဇူလိုင်နောက်ပိုင်းကတည်းက ဒန်နီဖန်စတာဟာ Frontier Myanmar သတင်းဌာနကို ပြောင်းရွှေ့အလုပ်လုပ်ခဲ့ပါတယ်။

Public Service Announcement
ဒန်နီဖန်စတာကို အကြမ်းဖက်စစ်ကောင်စီက အခုလိုနှစ်ရှည်ချမှတ်တဲ့အပေါ် Frontier Myanmar သတင်းဌာနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမဟာမင်းကြီး Michelle Bachelet တို့က တရားမျှတမှုမရှိကြောင်းပြစ်တင်ရှုတ်ချထားပါတယ်။


















































