Connect with us

Hi, what are you looking for?

LuduNwayOo

News

အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာကို နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုအပေါ် ကန်နိုင်ငံခြားရေး ပြစ်တင်ရှုတ်ချ၊ လုံခြုံစွာအိမ်ပြန်မရောက်မချင်းကြိုးပမ်းဆောင်ရွက်မယ်လို့ဆို

Frontier Myanmar သတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ဒန်နီဖန်စတာကို မတရားအသင်းဆက်သွယ်မှု အပါအဝင် အမှု ၃ ခုနဲ့ အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားဂျာနယ်လစ် ဒန်နီဖန်စတာကို မြန်မာစစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုဟာ အပြစ်မရှိသူတစ်ဦးအပေါ် မတရားစီရင်ချက်ချခြင်းဖြစ်ပြီး စစ်ကောင်စီရဲ့ဆုံး ဖြတ်ချက်ကို ပြစ်တင်ရှုတ်ချတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Ned Price က ထုတ်ပြန်ပါတယ်။

“ဒန်နီရဲ့အခြေအနေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပြီး သူအမြန်ဆုံးလွတ်မြောက်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒန်နီ သူ့မိသားစုဆီ၊ လုံခြုံစွာအိမ်ပြန်မရောက်မချင်း ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းနေမှာပါ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပါတယ်။

Frontier Myanmar သတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ဒန်နီဖန်စတာကို မတရားအသင်းဆက်သွယ်မှု အပါအဝင် အမှု ၃ ခုနဲ့ အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒန်နီဖန်စတာကို စွဲဆိုထားတဲ့အမှုတွေဟာ အာဏာမသိမ်းမီ ၂၀၂၀ ဇူလိုင်မတိုင်ခင် ကတည်းက အလုပ်လုပ်ခဲ့တဲ့ Myanmar Now သတင်းဌာနမှာ ဖော်ပြခဲ့တဲ့သတင်းတွေနဲ့ပတ်သက်လို့ စွဲဆိုခဲ့ တာဖြစ်ပါတယ်။ ၂၀၂၀ ဇူလိုင်နောက်ပိုင်းကတည်းက ဒန်နီဖန်စတာဟာ Frontier Myanmar သတင်းဌာနကို ပြောင်းရွှေ့အလုပ်လုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒန်နီဖန်စတာကို အကြမ်းဖက်စစ်ကောင်စီက အခုလိုနှစ်ရှည်ချမှတ်တဲ့အပေါ် Frontier Myanmar သတင်းဌာနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမဟာမင်းကြီး Michelle Bachelet တို့က တရားမျှတမှုမရှိကြောင်းပြစ်တင်ရှုတ်ချထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။