Connect with us

Hi, what are you looking for?

သတင်း

ဂင်းနစ်မှတ်တမ်းတင်ဖို့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းဗီဒီယိုဖိုင်တစ်သိန်းကျော်ရရှိ

လက်ရှိဂင်းနစ်မှတ်တမ်းမှာ ​မွေး​နေ့ဆု​တောင်းဗီဒီယိုသုံး​သောင်း​ကျော်ဖြင့် အိန္ဒိယရှိဘာသာ​ရေး​ခေါင်း​​ဆောင်တဦးက စံချိန်တင်ထားခြင်းဖြစ်

ဇွန်-၂၀၊၂၀၂၅။တေဇ/People’s Spring

ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဆုတောင်း ဗီဒီယို‌​ပေါင်း၁၁၀,၁၀၀ရရှိခဲ့‌ကြောင်းSuu 80 Birthday Campaign ကထုတ်ပြန်သည်။

“SUU 80 Birthday Campaign အောင်မြင်စွာပိတ်သိမ်းကြောင်းကြေညာအပ်ပါသည်” ဟု မွေးနေ့‌ဆုတောင်းဗီဒီယို အရေအတွက်နှင့်အတူ ဖော်ပြထားသည်။

‌ဇွန် ၁၉ ရက်တွင်ကျရောက်သည့်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ဂင်းနစ်မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်၍ မွေးနေ့ဆုတောင်း ဗီဒီယိုများစုဆောင်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အသက် ၈၀ ပြည့် မွေးနေ့ဖြစ်သောကြောင့် မွေးနေ့ဆုတောင်းဗီဒီယို ရှစ်သောင်း ရရှိရန် ရည်ရွယ်ခဲ့​သော်လည်းအဆိုပါအရေအတွက်သည် မွေးနေ့မတိုင်မီ ဇွန် ၁၈ ရက်ကတည်းက ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ယခင်က မွေးနေ့ဆုတောင်း ဗီဒီယို သုံးသောင်းကျော်ဖြင့် အိန္ဒိယနိုင်ငံမှ ဘာသာ​ရေး​ခေါင်း​ဆောင်ကဂင်းနစ်မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိရရှိသည့် ဗီဒီယို အရေအတွက်သည် ယခင်စံချိန်ထက် သုံးဆ​ကျော် များပြားသောကြောင့် ဂင်းနစ်မှတ်တမ်းဝင်ရန် သေချာနေပြီဟုစီစဥ်​နေသူများက​ပြောသည်။

လက်ရှိဂင်းနစ်မှတ်တမ်းတွင် ​မွေး​နေ့ဆု​တောင်းဗီဒီယိုဖိုင် အများဆုံးသူမှာ အိန္ဒိယနိုင်ငံမှ Saint Gurmeet Ram Rahim Singh Ji Insan ဖြစ်ပြီး၂၀၁၆ သြဂုတ် ၁၄ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ့​မွေး​နေ့ဗီဒီယိုဖိုင်များကို စုစည်းလက်ခံပြီး ဗီဒီယို​ပေါင်း ၃၂,၂၀၇ ဖြင့် ၂၀၁၇ ခုနှစ်​ဖေ​ဖော်ဝါရီ ၁၅ ရက်တွင် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။

“ဒါတွေကို ဂင်းနစ်စ် တာဝန်ရှိသူတွေက စီစစ်တဲ့ ကာလ ရှိပါမယ်။ အချိန်ကာလ ရက်အနည်းငယ် ကြာနိုင်ပါတယ်။ အဲဒီလို အပြီးသတ် စိစစ်ပြီးခဲ့ရင်တော့သူတို့လက်ခံအတည်ပြုတဲ့ဗွီဒီယိုစုစုပေါင်းအရေအတွက် ရလဒ် ပြန်ထွက်လာမှာပါ။”ဟု ယင်းအစီအစဉ်ကို ကူညီပေးခဲ့သည့် ကလိုစေးထူးကအသိပေးထားသည်။

ဗီဒီယိုဖိုင်ပေးပို့သူများသည် ‌ပို့ရမည့် လင့်ခ်၌ တင်သလို ‌ဗီဒီယိုဖိုင်မရောက်မည်ကို စိုးရိမ်သောကြောင့်ထပ်မံပေးပို့မှုရှိနိုင်ပြီး အချို့ ဗီဒီယိုများသည် အကျုံးမဝင်မှုများလည်းရှိနိုင်သောကြောင့် ပယ်ချခံနိုင်သည်ဟု ၎င်းကရှင်းပြသည်။

“ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ပြည်သူတွေတာဝန်အရမ်းကို ကျေခဲ့ကြပါတယ်။ ဂင်းနစ်စံချိန်သစ် နေရာမှာ အမေစုရဲ့ နာမည်ကို ကျွန်တော်တို့ တရားဝင် မြင်ရပါတော့မှာကတော့အသေအချာဆိုတာယုံကြည်ထားပါတယ်။ “ဟုကလိုစေးထူးကရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)