Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက ရွှေဆိုင်တချို့ အမျိုးသားတွေဝင်ရောက်ခွင့်တားမြစ်

မန္တလေးကရွှေဆိုင်တချို့အမျိုးသားတွေဝင်ရောက်ခွင့်တားမြစ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မန္တလေးမြို့လယ်ရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီးနောက်စစ်အုပ်စုလာရောက်စစ်ဆေးနေစဥ်။ ဓာတ်ပုံ-ဒေသခံ

ဇွန်-၂၂၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးကရွှေဆိုင်တချို့အမျိုးသားတွေဝင်ရောက်ခွင့်တားမြစ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမှာ ရွှေဆိုင်တွေမကြာခဏ ဓါးပြတိုက်ခံနေရတာကြောင့် ရွှေဆိုင်တွေဟာလုံခြုံရေး ပိုဂရုစိုက်လာကြောင်း၊ ဓားပြတိုက်သူတွေဟာ အမျိုးသားတွေဖြစ်လေ့ရှိတာကြောင့် အမျိုးသားတွေ ရွှေဆိုင်ထဲ ဝင်ရောက်တာကို ကန့်သတ်တာတွေ ရှိလာကြောင်း မြို့ခံတွေက ပြောပါတယ်။

ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဆိုင်တဆိုင်ဆိုရင် အမျိုးသားများလုံးဝမဝင်ရဆိုပြီး ဆိုင်အဝင်ဝမှာ ဗီနိုင်းနဲ့ချိတ်ထားကြောင်းမြို့ခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“အမျိုးသားတွေဆိုရင်ဝင်မရဘူး။အပြင်မှာပဲ ထိုင်စောင့်ရတယ်။”လို့ သွားရောက်ဝယ်ယူဖူးသူတဦးက ပြောပါတယ်။

တချို့ဆိုင်တွေကတော့ အမျိုးသား ဝင်ခွင့်ပေးပေမယ့် ဆိုင်ကယ်ဦးထုပ်ဆောင်းတာ၊ မျက်မှန်တပ်တာ၊ mask တပ်တာတွေဆိုရင် ဝင်ခွင့်မပေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ရွှေဆိုင်တွေဟာလုံခြုံရေးဝန်ထမ်းအများအပြားနဲ့ အဆင့်ဆင့်ပိတ်ဆို့ထားပြီး ဆိုင်တံခါးကိုလည်းအနည်းငယ်ပဲဖွင့်ကာရောင်းချနေရတယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလတလျှောက်မန္တလေးမြို့အပါအဝင်အခြားမြို့ကြီးတွေမှာပါရွှေဆိုင်ကိုဝင်ရောက်လုယက် ဓါးပြတိုက်တာတွေ မကြာခဏဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်မှာဖွင့်ထားတဲ့ ရွှေဇာမဏီရွှေဆိုင်ဓါးပြတိုက်ခံရပြီး ရွှေ ၂၃ ကျပ်သားခန့်နဲ့ Iphone11ဖုန်းတို့ ဆုံးရှုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook