Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြောက်ပိုင်းကပြည်သူတွေကို စစ်တပ်က ထောက်ခံစာမပါဘဲမြို့ထဲဝင်ခွင့်မပေးဟု ဒေသခံတွေပြော

မန္တလေးတိုင်း၊ ​မြင်းခြံမြို့နယ်မြောက်ပိုင်း ရွာတွေက ပြည်သူတွေ မြို့ထဲဝင်ရင်စစ်တပ်က ထောက်ခံစာမပါဘဲ ဝင်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းကာလအစောပိုင်းကမြင်းခြံမြို့ပေါ်တွင်အကြမ်းဖက်ပစ်ခတ်နေသောစစ်အု​ပ်စုဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-ဒေသခံ ဓာတ်ပုံဆရာ

“ဆန်အိတ်ဆို အပိုင်းလိုက်ဝယ်မရဘူး။ဝယ်လာရင် အသိမ်းခံရတယ်”

—ဒေသခံတဦး

ဇွန်-၂၂၊၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်း၊ ​မြင်းခြံမြို့နယ်မြောက်ပိုင်း ရွာတွေက ပြည်သူတွေ မြို့ထဲဝင်ရင်စစ်တပ်က ထောက်ခံစာမပါဘဲ ဝင်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ခံနေရတဲ့ မြင်းခြံမြို့နယ်မြောက်ပိုင်း ရွာတွေက ပြည်သူတွေဟာ မြင်းခြံမြို့ထဲလာမယ်ဆိုရင် စစ်တပ်ဂိတ်တွေက ထောက်ခံစာမပါဘဲ ဝင်ခွင့်မပေးတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ထောက်ခံစာမပါရင်အကုန်ပြန်လှည့်ခိုင်းတာ။ အုပ်ကြီးမရှိတဲ့ရွာတွေကဆိုရင် ရှိတဲ့ရွာသွားလုပ်ခိုင်းတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်စားသောက်ကုန်၊ဆေးဝါးနဲ့ အခြားကုန်ပစ္စည်းဝယ်ယူမှုကအစ ကန့်သတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆန်အိတ်ဆို အပိုင်းလိုက်ဝယ်မရဘူး။ဝယ်လာရင် အသိမ်းခံရတယ်။”လို့အခြားဒေသခံတဦးကလည်း ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ကို တော်လှန်တိုက်ခိုက်မှုအားကောင်းတဲ့ ဒေသတွေကို ပိတ်ဆို့လေ့ရှိတာကြောင့် တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံမြောက်ပိုင်းကို အခုလို တားမြစ်ကန့်သတ်တာတွေ ပြုလုပ်ခြင်းဖြစ်ကြောင်းဒေသခံတွေက ပြောပါတယ်။

ဇွန်လ (၂၂)ရက် နံနက် ၁နာရီခွဲခန့်ကလည်း မြင်းခြံမြို့နယ်၊မရိုးကုန်းရွာကို ဂျပ်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးအသက်(၈၀)ကျော်အဘိုးအိုနဲ့ အသက် (၄၀)ကျော်သမီးဖြစ်သူတို့ သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook