Connect with us

Hi, what are you looking for?

သတင်း

မင်းလှတွင်စစ်တပ်က စိတ်ဝေဒနာရှင်တစ်ဦးကို ရိုက်သတ်ပြီး ကြိုးတုပ်စွန့်ပစ်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က စိတ်ဝေဒနာရှင်တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ကာ ကြိုးနှင့်တုပ်ပြီး အလောင်းကိုစွန့်ပစ်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ပြောသည်။

စစ်တပ်စစ်​ကြောင်းက မင်းလှမြို့နယ်မှရွာများကိုမီးရှို့ဖျက်ဆီး​နေစဥ်။ ဓါတ်ပုံ-​ပေးပို့

ဇွန်-၂၆၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က စိတ်ဝေဒနာရှင်တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ကာ ကြိုးနှင့်တုပ်ပြီး အလောင်းကိုစွန့်ပစ်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ပြောသည်။

ဇွန်လ ၂၃ ရက်နေ့ညနေပိုင်းက မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောင်မီးရှို့စဥ် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်သည့် အသက် ၃၅ နှစ်အရွယ်အမျိုးသားကို ရိုက်နှက်သတ်ဖြတ်ကာကြိုးနှင့်တုပ်၍ မြေကျင်းတစ်ခုအတွင်းသို့ပစ်ချထားခဲ့ခြင်းဟု ၎င်းတာဝန်ရှိသူက ပြော သည်။

“ရိုက်သတ် ကြိုးနဲ့တုပ်ပြီး ဗုံးခိုကျင်းထဲပစ်ချခဲ့တာကိုမနေ့(ဇွန်လ ၂၅ ရက်)ကမှရှာတွေ့တာ။သဂြိုလ်တာဘာညာမလုပ်နိုင်သေးဘူး။စကစတွေ ရွာနားမှာမို့ ဒေသခံတွေ ရှောင်နေရတယ်”ဟုမင်းလှမြို့နယ် ပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇွန်လ ၂၅ ရက်မွန်းတည့် ၁၂ နာရီခန့်ကလည်း မင်းလှနယ်၊ ကျောင်းရွာအုပ်စု၊ ကျွဲမကိုင်းရွာအား စစ်ကောင်စီတပ်မှဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံပြည်သူအများအပြား ထွက်ပြေးနေရပြီး ယင်းနေ့ညနေပိုင်း၌ ကျေးရွာအတွင်းပြန်လည်ဝင်ရောက်စဥ် စစ်ကောင်စီတပ်မှ လိုက်လံပစ်ခတ်၍ ထပ်မံထွက်ပြေးကြရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိအခြေအနေတွင်စစ်တပ်စစ်ကြောင်းများသည် ရန်ကုန်-ပြည်လမ်းအရှေ့ဘက်ခြမ်း၌ အင်အား ၅၀၀ ခန့်ဖြင့် တပ်ဖြန့်ထားကာ ကျွဲမကိုင်းရွာ၊ ငလှစမ်းဘုန်းကြီး ကျောင်း၊ ရွေးကုန်းရွာ၊ သရော်ကုန်းဘုန်ကြီးကျောင်း၊ ဦးတိုကညင်ပင်ဘုန်းကြီးကျောင်းနှင့်တာကလေးဘုန်းကြီးကျောင်း စသည့်နေရာများတွင်တပ်စွဲထားကြောင်းစုံစမ်းသိရသည်။

ဇွန်လ ၂၅ ရက်အထိမင်းလှမြို့နယ်ရန်ကုန်-ပြည်လမ်းရှေ့ဘက်ခြမ်းရှိ တောင်ပြတ်ရွာမ၊ ဦးတိုကျွဲလမ်းစုရွာ၊ သရော်ကုန်ရွာ၊ ဗိုလ်တထောင်ရွာ၊ ဂန့်ဂေါ်ပင်ရွာမ၊ စု ဆားချောင်းရွာ၊ ဆင်အိုင်ချောင်း​ပေါက်ရွာ၊ငလှစမ်းရွာနှင့်ခွက်မရွာအပါအဝင်​​ကျေးရွာပေါင်း(၉)ရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook