Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီကွေဒေါ အကျဉ်းထောင်မှာ ပြိုင်ဘက် ဒုစရိုက် ဂိုဏ်းသားတွေ ရန်ပွဲဖြစ်ပြီး ၇၀ ဝန်းကျင်သေဆုံး

ဂိုဏ်းတစ်ခုက အကျဉ်းသားတွေဟာ သူတို့ကို ချုပ်နှောင်ထားတဲ့ အဆောင်ကနေ အပေါက်ဖောက်ပြီး တခြား ပြိုင်ဘက်ဂိုဏ်းသားတွေ အထိန်းသိမ်း ခံထားရတဲ့ အဆောင်ကို တွားသွားခဲ့ကြပါတယ်။ အဲဒီနောက်တော့ ရန်သူတွေကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အီကွေဒေါ နိုင်ငံက အကျဉ်းထောင် တစ်ခုမှာ ပြိုင်ဘက် ဒုစရိုက် ဂိုဏ်းသားတွေ အပြန်အလှန် သတ်ဖြတ်မှုကြောင့် လူ ၇၀ ဝန်းကျင်လောက် သေဆုံးသွားကြောင်း သိရပါတယ်။

ဂိုင်ယာကွေးလ်မြို့က လစ်တိုရယ်လ် အကျဉ်းထောင်မှာ နိုဝင်ဘာ ၁၂ ရက် ညပိုင်းက ဆူပူမှုတွေ စတင်လာခဲ့ပါတယ်။ ဒီပြဿနာကို နာရီပေါင်း အတော်ကြာတဲ့ထိ မထိန်းချုပ်နိုင်ခဲ့ဘဲ နိုဝင်ဘာ ၁၃ ရက်ကျမှ ရဲတပ်ဖွဲ့ရဲ့ အထူး တိုက်ခိုက်ရေး ယူနစ်တွေက ဝင်ရောက် စီးနင်းခဲ့ရတာပါ။

အခြေအနေတွေကို ထိန်းသိမ်းလိုက်ပြီးတဲ့ အခါမှာတော့ ထောင်ထဲမှာ သေနတ်တွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေ၊ သားလှီးဓားတွေကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ပါတယ်။ ရဲတွေက အခုထောင်ဆူမှုဟာ ပြိုင်ဘက် ဒုစရိုက်ဂိုဏ်း နှစ်ခုက အကျဉ်းသားတွေရဲ့ ရန်ပွဲက အစပြုခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။

ဂိုဏ်းတစ်ခုက အကျဉ်းသားတွေဟာ သူတို့ကို ချုပ်နှောင်ထားတဲ့ အဆောင်ကနေ အပေါက်ဖောက်ပြီး တခြား ပြိုင်ဘက်ဂိုဏ်းသားတွေ အထိန်းသိမ်း ခံထားရတဲ့ အဆောင်ကို တွားသွားခဲ့ကြပါတယ်။ အဲဒီနောက်တော့ ရန်သူတွေကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အကျဉ်းထောင် ငြိမ်ဝပ်ပိပြားရေး ပြန်လည် ရရှိဖို့အတွက် ရဲတွေအပြင် စစ်သည် ရာဂဏန်းလောက်ကို အသုံးပြုခဲ့ရပါတယ်။ အခုသတင်းကို ကြားသိပြီးတဲ့နောက် ထောင်သားတွေရဲ့ ဆွေမျိုးသားချင်းတွေက စိုးရိမ်တကြီးနဲ့ အကျဉ်းထောင်ရှေ့မှာ လာရောက် စုရုံးနေကြတာကိုလည်း တွေ့ရပါတယ်။

ဂိုဏ်းတစ်ဂိုဏ်းရဲ့ ခေါင်းဆောင်က လျှော့ရက်ရလို့ လွတ်သွားပြီး သိပ်မကြာခင် အခုပြဿနာ တက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်ပြီး စုံစမ်းနေဆဲပါ။

အီကွေဒေါမှာတော့ လူအသေအပျောက်များတဲ့ ထောင်ဆူမှု သတင်းတွေဆိုတာ သိပ်တောင် မဆန်းတော့ဘူးလို့ ပြောနိုင်ပါတယ်။ အခုနှစ်ထဲမှာတင် အီကွေဒေါက ထောင်ဆူမှုတွေကြောင့် အကျဉ်းသား ၃၀၀ ကျော်လောက် သေကြေခဲ့ပြီးပါပြီ။ စက်တင်ဘာလတုန်းကဆိုရင် နိုင်ငံသမိုင်းတလျှောက် အသေအပျောက် အများဆုံး ထောင်တွင်း အုံကြွမှုတွေပါ ကြုံခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ