Connect with us

Hi, what are you looking for?

သတင်း

ကန့်​ဒေါင့်စခန်းကိုစစ်​ကြောင်းထိုးလာတဲ့စစ်တပ်စစ်​ကြောင်း ​တော်လှန်​ရေးတပ်​တွေတိုက်ခိုက်လို့ပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ပြန်သိမ်းဖို့ စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်​တော်လှန်​ရေးအဖွဲ့​တွေကတိုက်ခိုက်ရာမှာ စစ်တပ်ပြန်ဆုတ်​သွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။

ကန့်ဒေါင့်ကျေးရွာကို သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ PLA ရဲဘော်တွေ။ ဓာတ်ပုံ - PLA

ဇွန်-၂၉၊ ၂၀၂၅။ People’s Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ပြန်သိမ်းဖို့ စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်​တော်လှန်​ရေးအဖွဲ့​တွေကတိုက်ခိုက်ရာမှာ စစ်တပ်ပြန်ဆုတ်​သွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။

ကန့်ဒေါင့်ရဲစခန်းသိမ်းပိုက်ခံရအပြီး ရက်တပတ်ကျော်အကြာမှာ အင်မထီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး ကန့်ဒေါင့်ရွာကို ပြီးခဲ့တဲ့နှစ်ရက်ခန့်က စစ်ကြောင်းထိုးလာတာလို့ ရဲဘော်နီနီကျော်က ပြောပါတယ်။

အင်မထီးကျေးရွာဟာ ပုလဲမြို့နယ်အတွင်းမှာ ပျူစောထီးအားကောင်းရာ ကျေးရွာဖြစ်ပါတယ်။ စစ်တပ်က အင်မထီးရွာမှာ အထိုင်ချတပ်စွဲပြီး ပျူစောထီးတွေနဲ့ ပူးပေါင်း စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ ကန့်ဒေါင့်ရွာနဲ့ အင်မထီးကျေးရွာဟာ သုံးမိုင်လောက်ပဲ ကွာဝေးပါတယ်။

Public Service Announcement

Public Service Announcement

“စကစက ပြန်လိုချင်တော့ စစ်ကြောင်းထိုးထွက်လာတာ။ ကျမတို့ PLAနဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက်ပြီး တိုက်ခိုက်တာမှာ သူတို့ နောက်ပြန်ဆုတ်သွားတယ်။ မျက်မြင်အရတော့ စကစက အလောင်း သုံးလောင်းရတယ်”လို့ ရဲဘော်နီနီကျော်က ပြောပါတယ်။

ပုလဲ-ဂန့်ဂေါလမ်းပိုင်းပိုင်းက မဟာဗျူဟာအရ အလွန်အရေးပါတဲ့ ပုလဲမြို့နယ်က ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ မဟာမိတ်အဖွဲ့တွေက ဇွန်လ ၁၉ ရက် မနက်မှာ သိမ်းပိုက်ရခဲ့တာဖြစ်ပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ပူးပေါင်းတွေကက ဇွန်လ ၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး နှစ်ပတ်ကျော်အကြာသိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီတိုက်ပွဲမှာအမျိုးသမီးရဲဘော်တွေလည်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်သုံ့ပမ်း ၄ဦးဖမ်းမိရာ ၁၅နှစ်အရွယ်ကလေးအပါအဝင်သင်းတန်းဆင်းတပ်သားသစ် ၃ဦး ပါဝင်တယ်လို့ PLAက ထုတ်ပြန်ထားပါတယ်။

ကန့်ဒေါင့်ရဲစခန်းဟာ အချက်အချာကျတဲ့ အာဆီယံလမ်းမကြီးရဲ့ ပုလဲ -ဂန့်ဂေါ လမ်းပိုင်းပေါ်မှာတည်ရှိတယ်လို့လည်း PLAရဲ့ ဇွန်လ၂၀ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလမ်းပိုင်းဟာ အိန္ဒိယနိုင်ငံအထိ သွားလာနိုင်လို့ မဟာဗျူဟာအရ အလွန်အရေးပါတဲ့နေရာလို့ ဆိုပါတယ်။

ဒါ့အပြင် ကန့်ဒေါင့်ကနေ အနောက်မြောက်ဖက် မိုင် ၃၀ကျော်အကွာမှာ စစ်ကောင်စီရဲ့ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ −၂၃) တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်မှာအမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ −၂၄) တည်ရှိပါတယ်။ ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုတ်ကျင်းတွေနဲ့ ခံစစ်အထပ်ထပ်ပြင်ထားတဲ့ တပ်စခန်းတစ်ခုလို့လည်း PLAက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။