Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြောင်း NUG အသိပေး

ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအား အသိပေး မေတ္တာရပ်ခံချက် ထုတ်ပြန်

စမွန်စခွန်ရှိ ထိုင်းယူနီယံစျေးအနီး ကိုဗစ်-၁၉ စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ရစဥ်။ ဓာတ်ပုံ - Bangkok Post

ဇူလိုင်-၂၊ ၂၀၂၅။ ရဲခေါင်/People’s Spring

မြန်မာနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားလျက် ဆက်လက် ကူညီစောင့်ရှောက်ပေးရန် ထိုင်းနိုင်ငံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေတ္တာရပ်ခံသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအား အသိပေး မေတ္တာရပ်ခံချက်ကို ယနေ့ ထုတ်ပြန်ရာ ထိုသို့ ဖော်ပြခြင်းဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအရပ်ရပ်တို့နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း(အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်ဖိနှိပ်မှုများအပါအဝင် အကြောင်းအမျိုးမျိုးဖြင့်) ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံသားများ စုဝေးဆန္ဒပြသည့် နေရာများကို ရှောင်ရှားရန်နှင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း မပြုရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

မိခင်တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသည့် အားလျော်စွာ အတတ်နိုင်ဆုံး မိမိယာယီခိုလှုံနေထိုင်လျက်ရှိသည့် နိုင်ငံ၏ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ လူမှုအသိုင်းအဝိုင်းတို့နှင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးမှာ လွန်စွာအရေးကြီးသည့်အလျှောက် ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ကိုယ်စား ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်၊ ထိုင်းပြည်သူလူထုတို့ကို အမျိုးသားညီညွတ်ရေးအစိုးရက အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုများကြောင့် ထွက်ပြေးခိုလှုံလာရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ဟုလည်း အသိပေးထားသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံ သို့ ပြန်လည် နေထိုင်ကြမည့်သူများသာ ဖြစ်ကြောင်း NUG က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိ ယာယီခိုလှုံနေရသည့် ကာလအတွင်း၌ မြန်မာနိုင်ငံသားများက ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေးစား လိုက်နာလျက် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးကို ကြိုးစားဆောင်ရွက်နေကြောင်းလည်း မေတ္တာရပ်ခံချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။