Connect with us

Hi, what are you looking for?

သတင်း

သရက်ထောင်ကလွတ်လာတဲ့နိုင်ကျဉ်း ၂ဦး ထောင်ဗူးဝမှာတင်ပြန်ဖမ်းခံရ

ဇူလိုင် -၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မကွေးတိုင်း ၊ သရက်မြို့ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ဦး ထောင်ဗူး ဝမှာတင် ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံကသိရပါတယ်။

ဇူလိုင်လ ၁ ရက်က သရက်ထောင်ကနေ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းထွန်းအောင်နဲ့ ကိုနိုင်ထွန်းလင်း တို့ကို ထောင်ဗူးဝမှာတင် ပြန်လည်ဖမ်းဆီးတာပါ။

လက်ရှိမှာ တော့ သူတို့နှစ်ဦးကို သရက်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပြီး ဖမ်းဆီးထားတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဇူလိုင်လ ၁ ရက်နေ့က သရက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၄ ဦးလွတ်မြောက်ပြီး ၂ ဦး ပြန်လည်ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လွှတ်ပေးတဲ့ လွတ်ငြိမ်းတွေမှာ အချို့သောနိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေရှိထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။