နိုဝင်ဘာ-၁၅၊၂၀၂၆။နေ့သစ်/People’s Speing
အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇွန်မြို့ရှိ UP Diliman တက္ကသိုလ်မှာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းဆီးဖို့ ၊စစ်အုပ်စုထံလေယာဥ်ဆီမရောင်းဖို့ ၊NUG ကိုအသိအမှတ်ပြုဖို့ ၊ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုတွေရပ်တန့်ဖို့စတဲ့ အချက်တွေတောင်းဆို ဆန္ဒပြခဲ့ကြပါတယ် ။
အာဆီယံထိပ်သီးအစည်းအဝေးစတင်ကျင်းပတဲ့နိုဝင်ဘာလ ၁၅ရက်နေ့မှာ ကွီဇွန်မြို့ရှိ UP Diliman တက္ကသိုလ်ရဲ့ Vinzons Hall ရှေ့မှာ ဘင်ဆာမိုရိုအမျိုးသမီးများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ဌာနေတိုင်းရင်းသားတွေနဲ့ ကျောင်းသားသမဂ္ဂတွေပူးပေါင်းပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရှုတ်ချတာ ၊လူသတ်သမားတွေနဲ့ စီးပွားရေးမလုပ်ဘဲ အရေးယူဒဏ်ခတ်ဖို့ ၊ စစ်ဘေးရှောင်တွေကိုအကာအကွယ်ပေးဖို့ ၊စစ်မှုထမ်းဥပဒေ ရပ်ဆိုင်းဖို့ ၊အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ လူကုန်ကူးမှုတွေကို ရပ်တန့်ဖို့ ၊အာဆီယံကNUG ကို အသိအမှတ်ပြုပြီး တော်လှန်ရေးအင်အားစုတွေရဲ့သံကိုနားထောင်ဖို့ ၊မင်းအောင်လှိုင်ကိုဖမ်းဆီးအရေးယူဖို့ စတဲ့တောင်းဆိုချက်တွေကို စာတမ်းတွေကိုင်ဆောင်တာ ၊ကြွေးကြော်သံတွေဟစ်ကြွေးပြီး ဆန္ဒပြခဲ့ကြပါတယ် ။
အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲကို ဒီကနေ့စတင်တာဖြစ်ပြီး နိုဝင်ဘာ ၁၇ အထိ ကျင်းပမှာဖြစ်ပါတယ် ။အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေတဲ့ မနီလာမြို့နဲ့ ကွီဇွန်မြို့ဟာ ၈ ကီလိုမီတာပဲကွာဝေးပါတယ်။ အာဆီယံခေါင်းဆောင်တွေက အာဏာသိမ်းခေါင်းဆောင်ကို ကိုယ်တိုင်သဘောတူခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည် မဖော်တဲ့အတွက် အာဆီယံအစည်းအဝေးတွေမှာတက်ရောက်ခွင့်မပြုပါဘူး ။ဒါကြောင့်မနီလာမြို့မှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီရဲ့ ညွန်ကြားရေးမှူးချုပ်ကိုပဲတက်ရောက်ခွင့်ပြုထားပါတယ် ။

Public Service Announcement





















































