Connect with us

Hi, what are you looking for?

News

တိုင်းမှုးလမ်း​ကြောင်းရှိလို့ဆိုပြီး စစ်​ကောင်စီတပ်​တွေ ​ကော့ကရိတ်အနီးရွာ​အချို့မှာ တပ်စွဲ

စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုင်းမှူးခရီးစဉ်ရဲ့ လမ်းကြောင်းလုံခြုံရေးရယူဖို့အတွက် မနေ့ညကတည်းက နယ်မြေခံ KNLA တပ်ဖွဲ့ထံမှာ သတင်းကြိုတင်ပေးပို့ထားပြီဖြစ်တယ်လို့ ဒေသတွင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးခရီးစဉ်ရဲ့ လမ်းလုံခြုံရေးအတွက်ဆိုပြီး ကော့ကရိတ်မြို့အနီးက ကျေးရွာတွေအချို့မှာ စစ်​ကောင်စီတပ်​တွေ ဝင်ရောက်နေရာယူထားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရတခတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ရဲ့ မြဝတီခရီးစဉ်လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီကနေ့မနက်ပိုင်း ကော့ကရိတ်မြို့ အာရှလမ်းအနီးက ကော့နွဲ့၊ ရွာသစ်နဲ့ ကမိုင်ကုန်းရွာဝန်းကျင်ဘက်မှာ ရောက်ရှိနေရာယူထားတာကြောင့် တိုက်ပွဲတွေပြန်ဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပြီး တချို့တွေက ရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်သားတွေ ပြန်ပြီးလှုပ်ရှားနေတာတွေ ရှိပါတယ်။ ဒီမနက်ပဲ အင်အားတွေနဲ့ တွေ့ရတယ်။ ကော့နွဲ့နဲ့ မနီးမဝေးမှာတစ်ဖွဲ့၊ ရွာသစ်မှာလည်းတက်တယ် တစ်ဖွဲ့ အင်အား ၂၀ လောက်။ ကမိုင်ကုန်းဘက်မှာလည်း တက်တယ်လို့ကြားရတယ်။ သူတို့တွေ အသင့်အနေအထားရှိနေတယ်။ ရွာသစ်ဘက်ခြမ်းမှာ ကောက်ရိတ်တဲ့ လူတွေလည်း တချို့မနေရဲတော့ဘူး။ ရှောင်သွားကြတယ်။ ရွာသားတွေအများစုက တိုက်ပွဲတွေဖြစ်မှာကိုလည်း စိုးရိမ်နေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုင်းမှူးခရီးစဉ်ရဲ့ လမ်းကြောင်းလုံခြုံရေးရယူဖို့အတွက် မနေ့ညကတည်းက နယ်မြေခံ KNLA တပ်ဖွဲ့ထံမှာ သတင်းကြိုတင်ပေးပို့ထားပြီဖြစ်တယ်လို့ ဒေသတွင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီတပ်တွေ လမ်းဂိတ်တောက်လျှောက် ချထားတယ်။ သူတို့တိုင်းမှူးတက်လာလို့လေ။ သူတို့တွေ နည်းနည်းစီ သွားသွားလာလာလုပ်နေတယ်။ ရွာတွေထဲထိ သူတို့မဝင်ဘူး။ ဘယ်လိုပြောရမလဲ သူတို့နေတာ အာရှလမ်းနဲ့ မနီးမဝေးမှာပေါ့နော်။ သူတို့တွေ လူကြီးလမ်းကြောင်းရှိလို့ဆိုပြီး ညကတည်းက ခွင့်ထောင်းထားတာ။ ကြိုအသိပေးထားပြီးပြီ” လို့ ဒေသတွင်းလုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကော့ကရိတ်မြို့ အာရှလမ်းမအနီး ကော့နွဲ့၊ ရွာသစ်၊ ကမိုင်ကုန်းစတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့လက ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူထောင်ချီခန့် စစ်ဘေးတိမ်းရှောင်နေခဲ့ရသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကလည်း ကော့ကရိတ်မြို့အနီး အာရှလမ်းမနား ကော့ကရိတ်-ကျိုက်ဒုံလမ်းဆုံမှာ ရတခတိုင်းမှူးရဲ့ လမ်းကြောင်းလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ခွဲထွက်ဒီကေဘီအေအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook