Connect with us

Hi, what are you looking for?

သတင်း

ဆဲဗင်းဇူလိုင်လှုပ်ရှားမှုအနေနဲ့ ဗကသက ချင်းမိုင်မြို့ကမြန်မာကောင်စစ်ဝန်ရုံးမှာ စာတန်းချိတ်ဆွဲဆန္ဒထုတ်​ဖော်

ဆဲဗင်းဇူလိုင် ၆၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချင်းမိုင်မြို့ရှိထိုင်းနိုင်ငံဆိုင်ရာမြန်မာကောင်စစ်ဝန်ရုံးရှေ့၌ “Long Live Students’ Revolution” စာသားပါဘန်နာကို ထိုင်းရှိ ဗသကရဲဘော်များက ချိတ်ဆွဲခဲ့​ကြောင်းထုတ်ပြန်သည်။

ဓါတ်ပုံ-​ကောင်း​ကောင်း

ဇူလိုင်-၇၊၂၀၂၅။သတိုး/ People’s Spring

ဆဲဗင်းဇူလိုင် ၆၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချင်းမိုင်မြို့ရှိထိုင်းနိုင်ငံဆိုင်ရာမြန်မာကောင်စစ်ဝန်ရုံးရှေ့၌ “Long Live Students’ Revolution” စာသားပါဘန်နာကို ထိုင်းရှိ ဗသကရဲဘော်များက ချိတ်ဆွဲခဲ့​ကြောင်းထုတ်ပြန်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ၏ထိုင်းရှိ ရဲ​ဘော်များက​ကျောင်းသား​များ၏ တော်လှန်​ရေးအဓွန်ရှည့်ပါ​စေ အဓိပ္ပါယ်ရစာတမ်းကို ​ကောင်စစ်ဝန်ရုံး​ရှေ့တွင် ဇူလိုင် ၆ ရက်၌ ချိတ်တွဲဆန္ဒထုတ်​ဖော်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် ၁၉၆၂ အာဏာသိမ်းပြီးနောက်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ကျောင်းသားများကို ဖိနှိပ်သည့် အဆောင်စည်းကမ်းတင်းကြပ်မှုမှစတင်၍ ကျောင်းသားသမဂ္ဂဦးဆောင်သော တက္ကသိုလ်ကျောင်းသားများ၏ ဆန္ဒပြမှုဖြစ်ခဲ့ပြီး ဇူလိုင် ၇ ရက်တွင် စစ်ကောင်စီက မြန်မာကျောင်းသား ရာနှင့်ချီ၍ သတ်ဖြတ်ခဲ့သည်။ ထို့အပြင်ဇူလိုင်၈ရက်တွင်ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဗုံးခွဲဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဇူလိုင် ၇ ရက်နေ့တိုင်း 7 July အထိမ်းအမှတ် လှုပ်ရှားမှုများကို တော်လှန်ရေးအင်အားစုများက ပြုလုပ်ခဲ့ကြသည်။

​ကောင်စစ်ဝန်ရုံး​ရှေ့တွင် စာတမ်းချိတ်ဆွဲ ဆန္ဒပြသည့် အပြင် ချင်းမိုင်မြို့တစ်နေရာတွင်လည်း “ထိုင်း-ဗမာကျောင်းသားတွေရဲ့ စည်းလုံးမှုအဓွန့်ရှည်ပါ‌စေ ” ဘန်နာကိုလည်း ချိတ်ဆွဲခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဝရမ်း​ထုတ်ခံထားသူ​တွေထဲမှာတရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ထိုင်း နဲ့ မြန်မာနိုင်ငံသားတွေပါဝင်

သတင်း

ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ဟန်ဆောင်ထားတဲ့ ထိုင်းရဲတွေဟာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်း

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။