Connect with us

Hi, what are you looking for?

News

မီးဖွားစကလေးမိခင်အား စစ်တပ်က အဓ္ဓမပြုကျင့်မှု လက်တုန့်ပြန်မည်ဟု CDF ​​​​ကြေငြာ

မီးဖွားကာစ အမျိုးသမီးကို မိသားစုဝင်များရှေ့မှောက်၌အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်အပြင် ကျူးလွန်ခံရသူ၏ ခင်ပွန်းသည်ကို ညှင်းပန်းနှိပ်စက်ပြီး အဖိုးတန် လက်ဝတ်တန်ဆာများကိုလည်း လုယူသွားသည်ဟု ထုတ်ပြန်ထားသည်။

လတ်တလောဖြစ်ပွားခဲ့သည့် မီးဖွားကာစ ကလေးမိခင်တစ်ဦးအား စစ်ကောင်စီတပ်သားသုံးဦးက မိသားစု ရှေ့မှောက်၌ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်
ဖြစ်ရပ်အပြင်အကြမ်းဖက်စစ်တပ်က ကျူးလွန်ထားသည့် မတရားမှုများအတွက် လက်တုန့်ပြန်သွားမည်ဖြစ် ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFက ယ​​နေ့ ကြေညာသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာမှ မီးဖွားကာစ ကလေးမိခင်တစ်ဦးကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သားသုံးဦးက နိုဝင်ဘာ ၁၁ရက်တွင် မိသားစုရှေ့မှောက်၌ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ CDFက ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်သည်။

မီးဖွားကာစ အမျိုးသမီးကို မိသားစုဝင်များရှေ့မှောက်၌အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်အပြင် ကျူးလွန်ခံရသူ၏ ခင်ပွန်းသည်ကို ညှင်းပန်းနှိပ်စက်ပြီး အဖိုးတန် လက်ဝတ်တန်ဆာများကိုလည်း လုယူသွားသည်ဟု ထုတ်ပြန်ထားသည်။

ယခုဖြစ်စဥ်ကဲ့သို့သော ရိုင်းဆိုင်းယုတ်မာမှုများသည် အကြမ်းဖက်စစ်တပ်မှ နှစ်ပေါင်းများစွာ ကျူးလွန်လာခဲ့သည့် စစ်ရာဇဝတ်မှုများဖြစ်ပြီး လူမဆန်သော လုပ်ရပ်များ၊ မတရားမှုများအတွက် တရားမျှတမှုကို ဖော်ဆောင်ကာ နစ်နာသူအားလုံးအတွက် လက်တုန့်ပြန်သွားမည်ဟု ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ကျူးလွန်ခံရသော မိသားစုဝင်များသည် ယခုအခါ လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင်ထားပြီး​ဖြစ်ကြောင်း CDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook