Connect with us

Hi, what are you looking for?

LuduNwayOo

News

မီးဖွားစကလေးမိခင်အား စစ်တပ်က အဓ္ဓမပြုကျင့်မှု လက်တုန့်ပြန်မည်ဟု CDF ​​​​ကြေငြာ

မီးဖွားကာစ အမျိုးသမီးကို မိသားစုဝင်များရှေ့မှောက်၌အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်အပြင် ကျူးလွန်ခံရသူ၏ ခင်ပွန်းသည်ကို ညှင်းပန်းနှိပ်စက်ပြီး အဖိုးတန် လက်ဝတ်တန်ဆာများကိုလည်း လုယူသွားသည်ဟု ထုတ်ပြန်ထားသည်။

လတ်တလောဖြစ်ပွားခဲ့သည့် မီးဖွားကာစ ကလေးမိခင်တစ်ဦးအား စစ်ကောင်စီတပ်သားသုံးဦးက မိသားစု ရှေ့မှောက်၌ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်
ဖြစ်ရပ်အပြင်အကြမ်းဖက်စစ်တပ်က ကျူးလွန်ထားသည့် မတရားမှုများအတွက် လက်တုန့်ပြန်သွားမည်ဖြစ် ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFက ယ​​နေ့ ကြေညာသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာမှ မီးဖွားကာစ ကလေးမိခင်တစ်ဦးကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သားသုံးဦးက နိုဝင်ဘာ ၁၁ရက်တွင် မိသားစုရှေ့မှောက်၌ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ CDFက ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မီးဖွားကာစ အမျိုးသမီးကို မိသားစုဝင်များရှေ့မှောက်၌အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်အပြင် ကျူးလွန်ခံရသူ၏ ခင်ပွန်းသည်ကို ညှင်းပန်းနှိပ်စက်ပြီး အဖိုးတန် လက်ဝတ်တန်ဆာများကိုလည်း လုယူသွားသည်ဟု ထုတ်ပြန်ထားသည်။

ယခုဖြစ်စဥ်ကဲ့သို့သော ရိုင်းဆိုင်းယုတ်မာမှုများသည် အကြမ်းဖက်စစ်တပ်မှ နှစ်ပေါင်းများစွာ ကျူးလွန်လာခဲ့သည့် စစ်ရာဇဝတ်မှုများဖြစ်ပြီး လူမဆန်သော လုပ်ရပ်များ၊ မတရားမှုများအတွက် တရားမျှတမှုကို ဖော်ဆောင်ကာ နစ်နာသူအားလုံးအတွက် လက်တုန့်ပြန်သွားမည်ဟု ကြေညာထားသည်။

ကျူးလွန်ခံရသော မိသားစုဝင်များသည် ယခုအခါ လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင်ထားပြီး​ဖြစ်ကြောင်း CDF က အသိပေးထားသည်။