Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်များယူလာပြီး CDF ဟားခါးထံ အလင်းဝင်၊ ပြည်သူ့စစ်တစ်ဦးလည်း ဖမ်းမိ

စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးနှင့် ရဲ တစ်ဦးတို့ လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၆ရက်တွင် ဟားခါးမြို့ရှိ ရဲတစ်ဦးအလင်းဝင်ရောက်လာစဉ်။ ဓာတ်ပုံ - Chinland Defense Force - Hakha

ဇူလိုင်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးနှင့် ရဲ တစ်ဦးတို့ လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၀ရက်က ဟားခါးမြို့ရှိ စစ်သား တစ်ဦး၊ ဇူလိုင် ၆ရက်က ဟားခါးမြို့ရှိ ရဲတစ်ဦးသည် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်ရန် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်ဟု အသိပေးသည်။

ဇူလိုင် ၁၃ရက် ယမန်နေ့တွင်လည်း ဟားခါးမြို့တွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တစ်ဦးကိုဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

CDF ဟားခါးအနေဖြင့် အလင်းဝင်လာသူများကို ငွေသားဆုပေးအပ်ခဲ့သည့်အပြင် လုံခြုံသည့်နေရာအထိ ရောက်သည်အထိ တာဝန်ယူ ဆောင်ရွက်ပေးမည်ဟုလည်း ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို အမြဲတမ်းကြိုဆိုနေကြောင်း အသိပေးကြေညာသည်။

ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်သားနှင့် ရဲများ CDFထံ အလင်းဝင်ရောက်သည့် ဖြစ်စဉ်များ မကြာခဏ ရှိခဲ့သည်။ မေလ ၃၁ရက်က ဟားခါးမြို့ရှိ ရဲ တစ်ဦး လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်ခဲ့သည်။ မေလလယ်ကလည်း စစ်သား ၂ဦးနှင့် ရဲ တစ်ဦး တော်လှန်ရေးဘက် ပူးပေါင်းလာခဲ့ပြီး မေလ ၁၅ရက်တွင် စစ်ကောင်စီတပ်သား တစ်ဦးကို ဖမ်းဆီးရရှိခဲ့သည်။

မေလ ၁ရက်ကလည်း ပြည်သူဟန်ဆောင် ထောက်လှမ်းနေသည့် ရဲ နှစ်ဦးကို CDF ဟားခါးက ဖမ်းမိခဲ့သည်။

ဧပြီ ၂၁ရက်ကလည်း ဟားခါးမြို့ ရှိ ရဲ နှစ်ဦးကို CDF ဟားခါးက ဖမ်းဆီးခဲ့သည်။ ဧပြီ ၁၃ရက်တွင်မူ စစ်ကောင်စီတပ်သာသစ် ပြည်သူ့စစ် သုံးဦး CDF ဟားခါးထံ အလင်းဝင်ခဲ့သည်။ ဧပြီ ၆ရက်ကလည်း ရဲ တစ်ဦး လက်နက်များ ယူလာပြီး CDF ဟားခါးထံ အလင်းဝင်ခဲ့သည်။

CDF ဟားခါးအနေဖြင့်လည်း အလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုပြီး ဘေးကင်းလုံခြုံရာသို့ပို့ဆောင်ပေးမည်ဟု ထုတ်ပြန်ထားသကဲ့သို့ ပြည်သူကို ဒုက္ခပေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရေးယူမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။