Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၄ ဦး KNU ဆီ ဘက်ပြောင်းခိုလှုံ

စစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်လာသူ တပ်သား အဆင့် ၄ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU

ဇူလိုင် – ၁၉ ၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring

စစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်လာသူ တပ်သား အဆင့် ၄ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီတပ်သား ၄ ဦးဟာ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့နယ် အခြေစိုက် အမှတ် ( ၂၀ ) ခြေမြန်တပ်ရင်း နဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ရှိ အမှတ် ( ၅၈၁) ခြေမြန်တပ်ရင်းတို့က ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၄ ဦးဟာ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင် က KNU တပ်မဟာ (၃) ၊ တပ်ရင်း (၉) ဆီ လက်နက်နဲ့တကွ ဘက်ပြောင်းလာတာလို့ KNU ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဘက်ပြောင်းလာသူ ၄ ဦးဟာဆိုရင် စစ်မှုထမ်းအပတ်စဉ် (၅) တပ်သား စိုးဌေးအောင် ၊ တပ်သား မြင့်မြတ်အောင် ၊ အပတ်စဉ် (၈) က တပ်သားညီညီလွင် ၊ တပ်သား နှင်းမောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေကို KNU က ကြိုဆိုခဲ့ပြီး ငွေကျပ် ၁၀ သိန်းစီ ဂုဏ်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်း အစီအစဉ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ က စတင်ခဲ့တာဖြစ်ပြီး အပတ်စဉ် တစ်ခုကို လူ ၅, ၀၀၀နှုန်းနဲ့ ခေါ်ယူရာမှာ အခုဆိုရင် အပတ်စဉ် ( ၁၅) ကိုရောက်ရှိနေပါပြီ။

ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်ဟာ တပ်သားသစ် အင်အား ၇၅,၀၀၀ ရရှိထားတယ်လို့ အကြမ်းဖျင်းခန့်မှန်းလို့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ