Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီ – မောတောင်လမ်းတိုက်ပွဲမှစစ်သားသုံးဦး KNU တပ်မဟာ(၄) ထံ အလင်းဝင်

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သားသုံးဦး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

KNUတပ်မဟာ(၄) တပ်ရင်း(၁၁)ထံအလင်းဝင်လာသော စစ်သားသုံးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဇူလိုင်-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သားသုံးဦး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

တနင်္သာရီ-မော်တောင်လမ်းပိုင်းရှိ သိန်ခွန်းကျေးရွာအနီး တိုက်ပွဲနယ်မြေမှ စစ်ကောင်စီတပ်သား နှစ်ဦးသည် ဇူလိုင် ၂၀ရက်တွင် KNU တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ အလင်းဝင်လာခဲ့သည်ဟု ဆိုသည်။

အလင်းဝင်လာသူများသည် ခမရ(၂၈၀)နှင့် ခမရ(၂၆၇)တပ်ရင်းမှဖြစ်ပြီး လက်နက် ၂လက်နှင့် ကျည်များ ယူလာသည်ဟု ပဒိုစောအယ်နားက ပြော သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – KNU

ထို့အပြင်ဇူလိုင်လ ၁၉ရက်တွင်လည်း KNU တပ်ရင်း (၁၁)ထံ စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်ခဲ့ဟု ပြောသည်။

“သူက လက်နက်မပါဘူး။ သူက ထွက်ပြေးတဲ့အချိန်မှာ နှစ်ယောက်ပါတယ်။ ဒါပေမဲ့ အခြားစကစ စစ်သားတွေလိုက်ဖမ်း လိုက်ပစ်တဲ့အတွက်ကြောင့် သူ့သူငယ်ချင်းတယောက်ဆုံးသွားတယ်။ သူတယောက်ပဲလွတ်လာတယ်”ဟု ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၄ -၂၅ ကာလအတွင်း ထိုးစစ်ဆင်ရာအတွင်း အတင်းအဓမ္မ စုဆောင်းထားသည့် တပ်သားသစ်များကို ရှေ့တန်းပို့ အသုံး ချနေကြောင်း ပဒိုစောအယ်နားက ပြောသည်။

“များသောအားဖြင့် ဒီစစ်သားတွေက သူတို့ ဆန္ဒရှိပြီးတော့ စစ်တပ်ထဲဝင်လာတာမဟုတ်ဘူး။ သူတို့ကလူငယ်တွေကို ကျေးရွာထဲမှာ သော်လည်း ကောင်း မြို့ထဲမှာသော်လည်းကောင်း သူတို့ အဖမ်းခံရတယ် တချို့က ထိုင်းဘက် အလုပ်သွားလုပ်တော့ ထိုင်းတာဝန်ရှိသူတွေက ဖမ်းပြီး မြန်မာပြည်ဘက်ခြမ်း ပြန်ပို့တဲ့အချိန်မှာ စကစက အခွင့်အရေးယူပြီးတော့ အဲဒီစစ်သားထဲမှာ အတင်းအဓမ္မ စုဆောင်းတယ်”ဟု ပဒိုစောအယ်နားက ပြောသည်။

အဆိုပါ စစ်မှုထမ်းတပ်သားသစ်များကို စစ်ကောင်စီက ရှေ့တန်းပို့ပြီးနောက် အသေခံပုံစံဖြင့်အသုံးချခံနေရသည့် အနေအထား ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ကရင်၊ ကချင်၊ ရက္ခိုင်၊ ရှမ်းမြောက်၊ ကရင်နီ၊ တနင်္သာရီ၊ မွန် စသည့် ဒေသများရှိ ရှေ့တန်းစစ်မြေပြင်များသို့ စစ်မှုထမ်း တပ်သားသစ်များ ပို့ဆောင်ရန် လူငယ်များကို နည်းမျိုးစုံဖြင့် ဖမ်းဆီးပြီး စစ်သားစုဆောင်းနေခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် အချိန်တိုသင်တန်းပေးကာ ရှေ့တန်းသို့စေလွတ်လျက်ရှိရာ တိုက်ပွဲများအတွင်း စစ်မှုထမ်းတပ်သားသစ်များသေဆုံးထိုခိုက်မှုများပြားလျက်ရှိသကဲ့သို့ စစ်မှုထမ်း တပ်သား တစ်ဦးချင်းစီဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး တော်လှန်ရေးတပ်များထံ လက်နက်ချအလင်းဝင်ရောက်သည့် ဖြစ်စဉ်များလည်း ဆက်တိုက်ရှိနေသည်။

ယင်းသို့ လူငယ်၊လူရွယ်များကို စစ်မြေပြင် တွင် အသုံးချနေ သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို လက်မခံဘဲ စစ်သားသစ်စုဆောင်းမခံရရေး နည်းမျိုးစုံဖြင့် ရှောင်ရှားရန်၊ အကယ်၍ စစ်သားစုဆောင်းခံရပါကလည်း စစ်ကောင်စီထံမှ ရသည့် နည်းဖြင့် ရုန်းထွက်ပြီးတော်လှန်ရေး အင်အားစုများထံ လက်နက်ချအလင်းဝင်ကြရန် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူအချို့က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။