Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့ပေါ်မှ စစ်ကောင်စီအုပ်ကြီးနဲ့ဇနီး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖို့မြို့၊ ကွေ့ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအုပ်ကြီး ရဲအောင်ထံမှ သိမ်းဆည်းရရှိသောပစ္စည်းများ။ ဓာတ်ပုံ - UGFO

ဇူလိုင်-၂၂၊ ၂၀၂၅။ People’s Spring

ပဲခူးတိုင်း၊ အုတ်ဖို့မြို့၊ ကွေ့ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယမန်နေ့(ဇူလိုင် ၂၁ ရက်)နံနက် ၆ နာရီခန့်က အုတ်ဖိုမြို့ပေါ် ကွေ့ချောင်းရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရဲအောင်နဲ့ ဇနီးဖြစ်သူ ခင်မာရီတို့ကို ရပ်ကွက်ထိပ်လမ်းမကြီးပေါ်မှာ သေနတ်ဖြင့် တစ်ချက်စီပစ်ခတ်ခဲ့ရာ နေရာမှာသေဆုံးသွားတယ်လို့ သူက ပြောပါတယ်။

“မြို့တွင်းမစ်ရှင်ပါ။ ထွေအုပ် ရုံးနားပါ။ အုပ်ကြီးလင်မယား၂ ယောက်လုံး ခေါင်းတစ်ချက်စီ ပွဲပြီးပါတယ်”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အုပ်ကြီးရဲအောင်နဲ့ ဇနီးထံမှ လက်ပစ်ဗုံးတစ်လုံး၊ လက်ကိုင်ဖုန်းနှစ်လုံး၊ မှတ်ပုံတင်ကတ်နှစ်ခု၊ စစ်ကောင်စီထုတ်ပေးထားသော ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ကတ်ပြားတစ်ခုအပါအဝင် ငွေကျပ် ၈၅,၀၀၀ တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုက အသိပေးပါတယ်။

အဲဒီအုပ်ကြီးလင်မယားဟာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို မဲထည့်ကြဖို့နဲ့ ကြံ့ခိုင်ရေးပါတီကိုဝင်ရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့ ပြောဆိုစည်းရုံးခြင်း၊ ပြည်သူများထံ စစ်မှု ထမ်းကြေးဆိုကာ ခြိမ်းခြောက်တောင်းယူခြင်း၊ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ခေါင်း ဆောင်တာဝန်ယူကာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို စုံစမ်းထောက်လှမ်းနေသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

“အခြေအနေက စကစဘက်က သူတို့မလုံခြုံတော့ကြောင်း သိသွားတယ်။ လမ်းတွေ မှန်သမျှ အကုန်စစ်ဆေး၊ ကင်းပတ်၊ သေနတ်ဖောက်ပြီး မြို့စောင့်အင်အား ထပ်ဖြည့်နေတယ်။ ညကလည်း စခတွေ၊ ရဲတွေ၊ လမ်းတွေပေါ်မှာ ကင်းပုန်းတွေနဲ့ မအိပ်နိုင်မစားနိုင်ပေါ့”လို့ အုပ်ကြီးလင်မယားပစ်ခတ်ခံရမှုအပြီး အုတ်ဖိုမြို့အခြေအနေကို မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုအနေနဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ ၎င်းရဲ့ထောက်တိုင်တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်လို့ ၎င်းတို့နဲ့ ဝေးဝေးနေပေးကြဖို့ ပြည်သူတွေထံ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က ဇွန်လ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။