Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း -ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခ​ကြောင့် ထိုင်း​ရောက်မြန်မာ​လုပ်သားတွေသတိထား​နေထိုင်ကြဖို့မြန်မာအ​ရေး​ဆောင်ရွက်​နေသူ​တွေအကြံပြု

ထိုင်း – ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ ဝေဖန်ပြောဆိုတာတွေမလုပ်ကြဖို့ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက သတိပေးပြောကြားလိုက်ပါတယ်။

“ဒီနေ့စတင်လိုက်တဲ့ စစ်ပွဲနဲ့ပတ်သက်ပြီးတော့ အွန်လိုင်းပေါ်မှာ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေနဲ့ဖြစ်စေ စာနဲ့ရေးသားလို့ဖြစ်စေ လှောင်ပြောင်တာတွေ သရော်တာတွေကလိတိတိရိတိတိလုပ်တာတွေ လုံးဝမလုပ်သင့်ပါဘူး”

— ဦးမိုးကြိုး(ဥက္ကဌ-JACBA)

ဇူလိုင်-၂၄၊၂၀၂၅။ခွန်ဖ၊သတိုး/People’s Spring

ထိုင်း – ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ ဝေဖန်ပြောဆိုတာတွေမလုပ်ကြဖို့ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက သတိပေးပြောကြားလိုက်ပါတယ်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ရေးပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာတချို့က ဝေဖန်ပြောဆိုမှုတွေ လုပ်နေတဲ့အပေါ်လည်း မလုပ်ကြဖို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက ပြောဆိုပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ Labour Right Foundationမှ ဦးအောင်ကျော်က” လက်ရှိ မထင်မှတ်ဘဲနဲ့ အရှေ့တောင်အာရှ နိုင်ငံအချင်းချင်းဖြစ်တဲ့ ကမ္ဘောဒီယားနဲ့ ထိုင်းနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေထဲမှာ ကျွန်တော်တို့ ‌ရွှေ့ပြောင်းအလုပ်သမားလို့ခံယူထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးက လုံးဝပါဝင်ပတ်သက်မှုမရှိအောင် အထူးဂရုပြုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာတွေအပေါ် ရိုက်ခတ်မှုရှိသလားလို့မေးရင် “ဒီအရေးအခင်းမဖြစ်ခင်ကတည်းကလည်း မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုကိုယ်စားပြုတဲ့ အစိုးရမရှိတဲ့ နောက်ပိုင်းမှာ မြန်မာတွေကို ဖိနှိပ်မှုတွေ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေက ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်ကအတိုင်းပြန်လည်ဖြစ်ပေါ်လာတာကို မြင်တွေ့လာရတယ်”လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ဥပဒေနဲ့အညီနေထိုင်ကြဖို့လည်းဦးအောင်ကျော်က ဆက်ပြောပါတယ်။

“ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်ပဋိပက္ခ‌တွေကနေ ဒီနေ့စတင်လိုက်တဲ့ စစ်ပွဲနဲ့ပတ်သက်ပြီးတော့ အွန်လိုင်းပေါ်မှာ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေနဲ့ဖြစ်စေ စာနဲ့ရေးသားလို့ဖြစ်စေ လှောင်ပြောင်တာတွေ သရော်တာတွေ ကလိတိတိရိတိတိလုပ်တာတွေ လုံးဝမလုပ်သင့်ပါဘူး။ကိုယ်ကထိုင်းနိုင်ငံမှာ အခြေစိုက်ပြီးတော့ အခြေချပြီးတော့ အသက်‌မွေးဝမ်းကြောင်းလုပ်နေရတာ ထိုင်းနိုင်ငံသားအများစုကတော့ မြန်မာလုပ်သားတွေရဲ့ လုပ်အားတန်ဖိုးကိုချစ်မြတ်နိုးကြသူတွေများပါတယ်”လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ – JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်း မဘသနဲ့ ထိုင်းမျိုးချစ်တွေက မြန်မာတွေရဲ့ ပြောဆိုတုန့်ပြန်မှုတွေအပေါ် ပြန်လည်တုန့်ပြန်လာနိုင်တယ်လို့လည်း ဦးမိုးကြိုးကသတိ​ပေးပါတယ်။

“အဲဒါမြန်မာရော၊ကမ်ဘူးခြား(ကမ္ဘော‌ဒီးယား)ရော အတူတူလုပ်ကြတာ။ အဲဒီတော့ မြန်မာတွေက ထိုင်းဘက်မှာလည်းပါစရာမလိုသလို ကမ္ဘောဒီးယားဘက်မှာလည်းပါစရာမလိုဘူး။ ကိုယ့်ဟာကိုယ်မသိလိုက် မသိဘာသာနဲ့ ပိုနေမြဲ ကျားနေမြဲ ကိုယ့်အလုပ်ကိုလုပ်နေတာအကောင်းဆုံးပါ။ ထိုင်းနိုင်ငံကို ဝေဖန်ရှုတ်ချတာ လှောင်ပြောင်သရော်တာတွေနဲ့ပတ်သက်ပြီး ကို ဆိုရှယ်မီဒီယာမျိုးမှာ လုံးဝမရေးမိပါစေနဲ့။ အထူးသတိထားဖို့အတွက် မေတ္တာရပ်ခံချင်ပါတယ်”လို့ ဦးမိုးကြိုးက ပြောပါတယ်။

လက်ရှိနှစ်နိုင်ငံ နယ်စပ်စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံနယ်စပ်က ဆီဆကစ်၊ကျန်ထဘူရီနဲ့ ရယောင်းခရိုင်မှာ မြန်မာနဲ့ ကမ္ဘောဒီးယားလုပ်သားတွေ အများစုလုပ်ကိုင်ပြီး မြန်မာလုပ်သားက ၂သိန်းကျော်လောက်ရှိနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။

“ထိုင်းနယ်စပ်သုံးမြို့မှာမြန်မာကနှစ်သိန်းကျော်လောက်ရှိတယ်။ ကန်ပူချက နှစ်သိန်းလောက်ရှိတယ်။ဘာအလုပ်တွေလုပ်ကြလဲဆိုတော့ သူတို့ငါးဖမ်းလှေလိုက်မယ် ၊ သစ်စက်အလုပ်‌တွေ လုပ်မယ်၊ ရာဘာခြံတွေ လုပ်မယ်။ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်မယ်။ နာနတ်သီးနဲ့ ဒူးရင်းသီး အထူးပြုစိုက်ပျိုးတဲ့ ခြံအလုပ်တွေလုပ်မယ်။ ပင်လယ်စာထုတ်လုပ်ရေးအလုပ်တွေလုပ်မယ်”လို့ ဦးမိုးကြိုးက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းက စတင်တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံသား ၉ ဦးသေဆုံး​ကြေင်း ထိုင်းစစ်တပ်ကထုတ်ပြန်ပါတယ်။ ကမ္ဘောဒီးယားဖက်က အသေအပျောက် စာရင်းကိုတော့ မသိရသေးပါဘူး။

ကမ္ဘောဒီးယားဟာ ဆိုဗီယက်လုပ် BM-21 အတွဲလိုက်ပစ် ဒုံးကျည်တွေနဲ့ ထိုင်းလူနေရပ်ကွက်တွေကို တိုက်ခိုက်နေကြောင်း ထိုင်းစစ်တပ်က စွပ်စွဲထားပါတယ်။ ကမ္ဘောဒီးယားကလည်း ထိုင်းဟာ တိုက်လေယာဉ်တွေကိုပါ အသုံးပြုပြီး ကမ္ဘောဒီးယား ပိုင်နက်ထဲမှာ ဗုံးတွေ ကြဲချနေတာကို ရှုတ်ချကြောင်း ကြေညာထားပါတယ်။

မေလတုန်းက နှစ်နိုင်ငံ နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ အသေးစား ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့တဲ့ ကိစ္စနောက်ပိုင်း အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက တောက်လျှောက် အနုတ်ဖက်ကို ဦးတည် ကျဆင်းလာနေခဲ့တာပါ။ နယ်စပ်က ရှေးဘုရားကျောင်းတွေရှိရာ နေရာတွေ အပါအဝင် အငြင်းပွားရာ နယ်မြေ တချို့ကို နှစ်နိုင်ငံကြား သူပိုင်တယ်၊ ငါပိုင်တယ် ငြင်းခုံနေမှုတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။