Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း-ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခရဲ့ သုံးရက်မြောက် တိုက်ပွဲတွေ စတင်

အပစ်အခတ် ရပ်စဲရေး စကားအစပျိုးထားတာတွေ ရှိကြပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခဟာ တတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ စတင်နေကြပြီလို့ သိရပါတယ်။

Reuters

အပစ်အခတ် ရပ်စဲရေး စကားအစပျိုးထားတာတွေ ရှိကြပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခဟာ တတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ စတင်နေကြပြီလို့ သိရပါတယ်။

အစောပိုင်းမှာ ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးက ထိုင်းနဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲရေးကို ကမ္ဘေားဒီးယားက လိုလားကြောင်း ပြောကြားခဲ့ပါတယ်။ ထိုင်းအစိုးရဖက်ကလည်း ကြားလူတွေ ဝင်ညှိပေးတာမျိုး မဟုတ်ဘဲ ကမ္ဘောဒီးယားနဲ့ နှစ်နိုင်ငံတည်း မျက်နှာချင်းဆိုင် ဆွေးနွေးမှုမျိုးကို လက်ခံ စဉ်းစားလိုကြောင်း သဘောထား မှတ်ချက် ပေးထားပါတယ်။

ဒါပေမဲ့ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ နယ်စပ်မှာ တိုက်ပွဲတွေက ပြန်စနေပြီလို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ကမ္ဘောဒီးယား တပ်တွေဟာ ထိုင်းရဲ့ ထရတ်ပြည်နယ်က ဘန်ချမ်ရက်ခ်နားမှာ စစ်မျက်နှာ အသစ်ဖွင့်ပြီး ထိုးစစ်ဆင်လာတာကြောင့် ထိုင်းတပ်ဖွဲ့တွေက တုံ့ပြန်ရာက ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် ထိုင်းရေတပ်ကလည်း ကြည်းတပ်ကို ဝင်ကူညီပေးခဲ့ပြီး ထိုင်းပိုင်နက်ထဲ ကျွံဝင်ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား စစ်ကြောင်း ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ မိနစ် ၂၀ အတွင်းမှာတင် ကမ္ဘောဒီးယားတပ်တွေ ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့ပြီး အဲဒီနယ်မြေတွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားကတော့ ဇူလိုင် ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ ထိုင်းတပ်တွေက ပူအာဆတ်မှာရှိတဲ့ ကမ္ဘောဒီးယား နယ်စပ် ကျေးရွာ အီကာရက်ချ်ကို ထိုင်းစစ်တပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ရန်စ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ထိုင်းရဲ့ လွန်ကဲတဲ့၊ ပြောင်ပြောင်တင်းတင်း ရန်စတဲ့ လုပ်ရပ်၊ ကမ္ဘောဒီးယား အချုပ်အခြာ အာဏာပိုင်နက်နဲ့ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်တဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ကမ္ဘောဒီးယား ကာကွယ်ရေး
ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ အရပ်သား ပြည်သူတွေကို ထိခိုက်စေနိုင်သလို ဒေသရဲ့ တည်ငြိမ် အေးချမ်းမှုကိုပါ ပျက်ပြားစေနိုင်တယ်လို့လည်း ကမ္ဘောဒီးယားဖက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။ ကမ္ဘောဒီးယား စစ်တပ်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် နောက်ထပ် ရန်လို တိုက်ခိုက်မှုတွေကို အစွမ်းကုန် တွန်းလှန်သွားမယ်လို့လည်း ဆိုပါတယ်။

နယ်စပ်အငြင်းအခုံ ကိစ္စနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ ဇူလိုင် ၂၄ ရက်နေ့ကစပြီး ထိတွေ့ တိုက်ပွဲတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း နှစ်ဖက်စစ်တပ်တွေကြား လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်ခဲ့သလို ထိုင်းကလည်း F-16 တိုက်လေယာဉ်တွေကိုပါ အသုံးပြုပြီး ကမ္ဘောဒီးယား စစ်စခန်းတွေကို ဗုံးကြဲခဲ့ပါတယ်။

ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်ကတော့ လက်ရှိ အခြေအနေတွေထက် ပိုဆိုးရွား ကျယ်ပြန့်လာရင် နယ်စပ်တိုက်ပွဲတွေ အဆင့်ကနေ နှစ်နိုင်ငံကြားက စစ်ပွဲကြီးအသွင် ကူးပြောင်းသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ကိုးကား: Thai Enquirer, Khmer Times

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။