Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ကားနဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီစစ်ဆေးမှု တင်းကြပ်ဖို့ပြင်နေ

စစ်ကောင်စီ ကင်းစခန်းတွေကို ကား ဒါမှမဟုတ် ဆိုင်ကယ်နဲ့လာရောက်ပစ်ခတ်တာတွေရှိလာပြီးနောက် အခုလိုတင်းကြပ်လာတာလည်းဖြစ်ပါတယ်။

(ပြီးခဲ့တဲ့ လပိုင်းက မန္တလေးမြို့မြင်ကွင်း)

မန္တလေးမှာ စစ်ကောင်စီဟာ မော်တော်ကား တွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ တင်းကြပ်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။

ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်လိုင်စင်စစ်တာတွေကို ရှောင်တခင်လုပ်မယ်လို့သိရပါတယ်။

ဒါအပြင် ယာဉ်စည်းကမ်းမလိုက်နာရင် ဒဏ်ငွေ ချက်ချင်းရိုက်ဖို့ လည်း လုပ်နေပါတယ်။

စစ်ကောင်စီ ကင်းစခန်းတွေကို ကား ဒါမှမဟုတ် ဆိုင်ကယ်နဲ့လာရောက်ပစ်ခတ်တာတွေရှိလာပြီးနောက် အခုလိုတင်းကြပ်လာတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်းထဲက အချို့မြို့နယ်တွေမှာတော့ ဆိုင်ကယ်ကိုအမျိုးသား ၂ ဦးအတူမစီးဖို့အထိ စစ်ကောင်စီက အမိန့်ထုတ်တာတွေရှိလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

Facebook