Connect with us

Hi, what are you looking for?

သတင်း

သြစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဆန္ဒပြ

ယနေ့ (သြဂုတ် ၈)ကျရောက်သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၃၇)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် သြစတြေးလျ၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု​တို့ကို ပြုလုပ်ခဲ့ကြသည်။

သြဂုတ် ၈၊၂၀၂၅။ သုည/People’s Spring

ယနေ့ (သြဂုတ် ၈)ကျရောက်သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၃၇)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် သြစတြေးလျ၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု​တို့ကို ပြုလုပ်ခဲ့ကြသည်။

သြစတြေးလျနိုင်ငံ၊ မြို့တော်ကင်ဘာရာရှိ စစ်အာဏာရှင် သံရုံးရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူများက ဦးဆောင်ပြီး ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအရေးတော်ပုံ (၃၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြသည်။

ကင်ဘာရာမြို့က ဆန္ဒပြပွဲကို CRPH/NUG Support Group (Australia)မှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တရုတ်သံရုံးရှေ့တွင်လည်း သွားရောက်ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံ တိုကျိုမြို့တွင်လည်း (၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်လှုပ်ရှားမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပြည်ပရောက် မြန်မာပြည်သူများက စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင်လည်း ရှစ်လေးလုံးအထိမ်းအမှတ် ထီးသပိတ်နှင့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြပွဲတွင် “ရုန်းထွက်ချင်လျှင် တော်လှန်ရမည်”၊ “တော်လှန်မှ ရုန်းထွက်နိုင်မည်” စသည့် ဘန်နာများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် ဒယ်ဂူးဆရာတော်က အာဏာရှင်က ယုတ်မာနေချိန်တွင် တော်လှန်ရေးသမားများ ညီညွတ်ရန် ၊ စုစည်းရန်၊ ခေါင်းဆောင်မှုလိုကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ရန်အတွက် တွန်းလှန်ကြရန်လည်း မိန့်ကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။