စက်တင်ဘာ ၁၃၊၂၀၂၆။သုည/People’s Spring
တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။
Ray ရုပ်ရှင်ပြသခဲ့ရာ လက်မှတ် ၄၀၀ နီးပါး ရောင်းချခဲ့ရတယ် လို့ MFDMC က ထုတ်ပြန်ခဲ့ပါတယ်။
ရုပ်ရှင်ပြပွဲအပြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အားပေးထောက်ခံတဲ့ ကမ်ပိန်းကိုလည်း ပူးတွဲပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
RAY ရုပ်ရှင်ကို လာမယ့် စက်တင်ဘာ ၂၀ ရက်မှာ ချွန်းနန်းမြို့နဲ့ အောက်တိုဘာလအတွင်း ဒယ်ဂူးမြို့တွေမှာ ဆက်လက်ပြသသွားမယ်လို့ MFDMC အဖွဲ့က ဆိုပါတယ်။

















































