Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာသားအမိသုံးဦးစီးလာတဲ့ဆိုင်ကယ်ကိုအသက်ရန်ရှာပြီး လုယက်

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာမနေ့(သြဂုတ် ၈ ရက် )ညပိုင်းက သားအမိသုံးဦးစီးလာတဲ့ဆိုင်ကယ်ကိုအမျိုးသားနှစ်ယောက်က ဓားရှည်နဲ့ အသက်ရန်ရှာပြီးလုယက်သွားပါတယ်။

သြဂုတ် – ၉ ၊၂၀၂၅ /People’s Spring

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာမနေ့(သြဂုတ် ၈ ရက် )ညပိုင်းက သားအမိသုံးဦးစီးလာတဲ့ဆိုင်ကယ်ကိုအမျိုးသားနှစ်ယောက်က ဓားရှည်နဲ့ အသက်ရန်ရှာပြီးလုယက်သွားပါတယ်။

အဲဒီဖြစ်စဉ်ဟာမနေ့ညပိုင်း ၈ နာရီခွဲခန့်က မနော်ဟရီလမ်းမကြီးရဲ့တောင်ဘက် ၁၁၀ E လမ်း၊ ၄၉လမ်းနဲ့ လမ်း၅၀ကြားမှာဖြစ်ပွားခဲ့ပါတယ်။

ကလေးနှစ်ဦးကို ဆိုင်ကယ်ရှေ့နောက်တင်ပြီးမောင်းလာတဲ့အမျိုးသမီး ရဲ့ ဆိုင်ကယ်နောက်ကို ဓားရှည်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ လိုက်လာပြီး လုယက်သွားတာကို CCTV မှတ်တမ်းမှာတွေ့မြင်ရပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်ချင်း ဘေးချင်းကပ်ချိန်မှာ အမျိုးသမီးကို ဓားနဲ့ ရွ​ယ်ပြီး ဆိုင်ကယ်လုယက်သွားတာပါ။

လုယက်မှုကိုကြုံတွေ့ခဲ့ရသူအမျိုးသမီးကသူရဲ့ကလေးငယ်တွေမထိခိုက်ရအောင် ဆိုင်ကယ်ပေးလိုက်ရတာဖြစ်တယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

လုယက်ခံရတဲ့နေရာဟာ အိမ်အနီးအနားဖြစ်တယ်လို့ ကာယကံရှင်ကအသိပေးထားပါတယ်။

https://www.facebook.com/LuduNwayOo/videos/1130981889090602

ရုပ်သံ – Moe Thu /FB

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook