Connect with us

Hi, what are you looking for?

သတင်း

‎စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ယူလာပြီး KNU တပ်မဟာ(၄)ထံ ထပ်မံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ(၄) နယ်မြေတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသောစစ်ကောင်စီတပ်သားအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ(၄) နယ်မြေတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် သတင်းထုတ်ပြန်သည်။

ဩဂုတ် ၉ရက်က စစ်ကောင်စီ၏ ခလရ(၁၀၄) ပွိင့်-၁၅၀၀တပ်စခန်းမှ အသက် ၂၅နှစ်အရွယ် တပ်သား မင်းထက်နိုင်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ တပ်ရင်း(၁၀) ထံ အလင်းဝင်လာခြင်းဖြစ်ပြီး MA-1(၁)လက်၊ ကျည်‌ဆံ (၃၀)၊ ကျည်ဘောက် ၁ခု ပါဝင်ဟု အသိပေးသည်။

“တပ်ရင်း(၁၀)ကတော့ လက်ရှိ ဖြစ်နေတဲ့ နတ်အိမ်တောင်စခန်းနယ်မြေပေါ့” ဟု တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင် စစ်ကောင်စီ စခန်းကို စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသကဲ့သို့ KNLA ပူးပေါင်းတပ်ကလည်း စစ်ကောင်စီ စစ်ကူတပ်များကို ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

နတ်အိမ်တောင်စခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကရင်၊ မွန်၊ PDF တော်လှန်ရေး တပ်များ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဩဂုတ် ၄ရက်ကလည်း စစ်ကောင်စီ တပ်သား ၂ဦးသည် KNLA တပ်ရင်း(၁၂)ထံ လက်နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။