Connect with us

Hi, what are you looking for?

သတင်း

နန်မွန်းတားရွာတိုက်ပွဲနှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊ စစ်တပ်စစ်​ကြောင်းပြန်ဆုတ်

PDF များသေနတ် ၉လက်သိမ်းဆည်းရရှိ

စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ

သြဂုတ်-၁၁၊၂၀၂၅။အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် တမူးမြို့နယ်မှ နန်မွန်းတားရွာတိုက်ပွဲတွင် စစ်ကောင်စစ်တပ်ဖွဲ့ဝင် ၆ဦးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။

နန်မွန်းတားကျေးရွာက်ို ခလရ (၂၂၈) နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား ၈၀ ခန့်ကဩဂုတ်လ၅ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင်စစ်ကြောင်း၊ကလေးခရိုင် စစ်ကြောင်း၊ KNA(B)၊ NLA နှင့် CNA တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် သြဂုတ်လ၈ရက်တွင် စစ်ကောင်စီစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရုပ်အလောင်း ၆ လောင်း၊ လက်နက် ၉ လက် နှင့် ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ဦး ကျော်ရှိသည်ဟု အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။ ထို့အပြင် ကာကွယ်ရေးရဲဘော်ငါးဦး ကျဆုံးပြီးလက်နက် ၃ လက် ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

သြဂုတ်လ၈ရက်နေ့ကတိုက်ပွဲတွ နန်မွန်းတားရွာ ဘုရားကျောင်းသို့ တံတားဦးမှ တက်လာသော Yak-130 ၁စီးဖြင့် ပေါင် ၂၅၀ ဗုံး ၂လုံး၊ တံတားဦးလေတပ်မှ တက်လာသော MIG-29 ၁စီးဖြင့် Cluster ဗုံးကြဲချ တိုက်ခိုက်ခဲ့သလို OWA အသေခံဒရုန်း အမျိုးအစားများကိုလည်း အသုံးပြုခဲ့သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

“သေတဲ့အထဲ စကစဘက်က အရာရှိတွေပါ ပါတယ်။ သင်္ချိုင်းမှာ သင်္ဂြိုလ်သွားတာ။ ဒဏ်ရာ ရတာတွေလည်း ဆေးရုံဟောခန်းအပြည့်”ဟု တမူးမြို့ခံတဦးကပြောသည်။

နန်မွန်းတားရွာသည် ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့နှင့် ၁၂မိုင်အကွာ၌ရှိသည်။

တမူးမြို့တွင် ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။တမူးခရိုင်အတွင်းခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကထိန်းချုပ်ထားပြီး စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။