Connect with us

Hi, what are you looking for?

News

ထီးလင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေ၊ YDF/CDF ပူးပေါင်းအဖွဲ့မှ ၁၄ဦးကျဟု ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီမှ အရပ်သားပြည်သူ ငါးဦးကို သတ်ဖြတ်မှုနှင့် YDF/CDF ရဲဘော်များ ကျဆုံးရမှုအတွက် အကြမ်းဖက်စစ်ကောင်စီကို နေရာဒေသမရွေး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု YDFက ထုတ်ပြန်ထားသည်။

(ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)မှ တပ်သားများကို ​တွေ့ရစဥ်)

မကွေးတိုင်း ထီးလင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး ယောနှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၁၄ဦး ကျဆုံးခဲ့ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က ထုတ်ပြန် သည်။

နိုဝင်ဘာ ၁၇ရက်က ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် YDF(ထီးလင်း)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF )မင်းတပ် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ YDF ထီးလင်းမှ ရဲဘော် ၁၃ဦး၊ CDF မင်းတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုဆိုသည်။ ထို့ပြင် YDF ထီးလင်းမှ နှစ်ဦး CDF မင်းတပ်မှ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုနေ့တွင် စစ်ဘေးရှောင် အရပ်သား သုံးဦးကိုလည်း စစ်ကောင်စီတပ်က ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၆ရက်တွင်လည်း ထီးလင်းမြို့နယ်၌ စစ်ဘေးရှောင် ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီမှ အရပ်သားပြည်သူ ငါးဦးကို သတ်ဖြတ်မှုနှင့် YDF/CDF ရဲဘော်များ ကျဆုံးရမှုအတွက် အကြမ်းဖက်စစ်ကောင်စီကို နေရာဒေသမရွေး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု YDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook