Connect with us

Hi, what are you looking for?

သတင်း

လူစိတ်မဲ့သည့်စစ်အာဏာရှင်လုပ်ရပ်နှင့် တရုတ်ဩဇာလွှမ်းမိုးမှု တော်လှန်ရေးအတွက် အကြီးမားဆုံး အခက်အခဲဟု TNLA ခေါင်းဆောင်ပြော

လက်ရှိတော်လှန်ရေး၌ ရင်ဆိုင်နေရသည့် အကြီးမားဆုံးအခက်ခဲမှာ လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့သည့် မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များနှင့် ကိုယ်ကျိုးစီးပွါးတခုတည်းကြည့်သည့် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

ဩဂုတ်၉ရက်က ကိုရင်တပါးနှင့် ပြည်သူလေးဦး သေဆုံးခဲ့သည့် မိုးကုတ်မြို့ လေကြောင်းတိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဩဂုတ်-၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

လက်ရှိတော်လှန်ရေး၌ ရင်ဆိုင်နေရသည့် အကြီးမားဆုံးအခက်ခဲမှာ လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့သည့် မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များနှင့် ကိုယ်ကျိုးစီးပွါးတခုတည်းကြည့်သည့် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

တအာင်းဒေသ မြို့ရွာများသို့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှုများ ဆက်တိုက်ရှိနေသည့် အခြေအနေတွင် TNLA ခေါင်းဆောင်က စစ်ကောင်စီ၏ ပြည်သူအပေါ် သတ်ဖြတ်နေမှု အခြေအနေကို ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ယနေ့ ရေးသား ဖော်ပြခဲ့သည်။

ထို့ပြင် စစ်အာဏာရှင်များ၏ ပြည်သူအပေါ် သတ်ဖြတ်မှုများ ကျူးလွန်နေမှုကို နှုတ်ပိတ်နေပြီး တော်လှန်ရေးအဖွဲ့အစည်းများအား နည်းမျိုးစုံဖြင့် ဖိအားပေးနေသည့် တရုတ်အစိုးရ၏ လုပ်ရပ်ကို ထပ်လောင်းအသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အာဏာရှင်ရဲ့ ရှည်ကြာတဲ့ဖိနှိပ်မှုမှာ နွမ်းလျလက်ပမ်းကျနေတဲ့ပြည်သူလူထု…တော်လှန်ရေးအတွက် ခိုင်မာအားကောင်းတဲ့ ဦးဆောင်မှု မတည်ဆောက်နိုင်သေးတာ …အခြား အရာတွေလည်း ရှိနိုင်ပါသေးတယ်လေ… … ဒီလိုပဲ …လှဲကျလိုက် ပြန်ထလိုက်နဲ့ ဒီအခက်အခဲတွေကို ကျော်လွှားဖို အဆင့်ဆင့်ဖြတ်ကျော်ကြရမှာပါပဲ ရဲဘော်တို့ “ ဟု ဗိုလ်ချုပ်တားဘုန်းကျော်ကရေးသားခဲ့သည်။

TNLA အနေဖြင့် တရုတ်အစိုးရ ဖိအား တောက်လျှောက်ရင်ဆိုင်နေရကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဩဂုတ် ၅ရက်သတင်းစာရှင်းလင်းပွဲ၌ ထပ်လောင်းအသိပေးခဲ့ပြီး တရုတ်အစိုးရ ဖိအားကို မလွန်ဆန်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးပွဲများသို့ သွားရောက်နေရကြောင်း ပြောကြားသည်။

“ကျမတို့ရဲ့ စစ်ရေးအပေါ်မှာ တရုတ်အစိုးရရဲ့ ပါဝင်မှု တရုတ်အစိုးရရဲ့ ဖိအားကတော့ တောက်လျှောက်ရှိပါတယ်။ လတ်တလောမှာ တိုက်ပွဲတွေမဖော်ဆောင်ဖို့ တရုတ်အစိုးရဘက်ကနေ ဖိအားပေးတာမျိုးတွေ ရှိပါတယ်။” ဟု လွေးယေဦးက ပြောသည်။

ထိုသို့ဖိအားပေးမှုကြောင့် ဩဂုတ်လအတွင်း စစ်ကောင်စီ နှင့် ဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ရှိနိုင်သော်လည်း ဆွေးနွေးပွဲနှင့်ပတ်သက်သည့် TNLA၏ ရပ်တည်ချက်မှာ ယခင်အတိုင်း မပြောင်းလဲ ကြောင်း လွေးယေဦးက ပြောပြကာ လက်ရှိ သိမ်းပိုက်ထားသည့် မြို့ရွာများ စစ်ကောင်စီထံ ပြန်ပေးရန်မရှိဘဲ ကာကွယ်ရန်ပြင်ဆင်ထားဟု အသိပေးသည်။

စစ်ကောင်စီက ပြည်သူမရှိ ရန်သူသာ ရှိသည်ဆိုသည့် သဘောထားဖြင့် ပြည်သူကို ရန်သူကဲ့သို့ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုများ ရှိနေ၍ ကျောက်မဲ ၊ မိုးကုတ်၊ ကွတ်ခိုင် ဗုံးကြဲတိုက်ခိုက်ခံရမှုများအတွင်း အရပ်သား အစုလိုက်၊အပြုံလိုက် သေဆုံး ထိခိုက်မှု ဖြစ်ပေါ်ခဲ့ရကြောင်း လွေးယေဦးက ပြောသည်။

စစ်ကောင်စီတပ်က TNLAနယ်မြေ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင်လအတွင်း လေကြောင်း ဒရုန်း ၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၇ ဦးသေဆုံးကာ ၈၀ကျော် ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။