Connect with us

Hi, what are you looking for?

News

ခရီးသွားပြည်သူများ စစ်ကောင်စီတပ်ယာဉ်တန်းများနှင့်ခွာ၍ မောင်းနှင်ရန် ကရင်နီ PDF မေတ္တာရပ်ခံ

မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားသော ဂိတ်များအား ရှောင်ရှားသွားလာရန်၊ စစ်ကောင်စီတပ်သားများနှင့် အဝေးတွင် နေရန်၊ ပေါက်ကွဲသံ ပစ်ခတ်သံကြားသည့် နေရာများသို့ သွားရောက်ကြည့်ရှုခြင်းများအား အထူးရှောင်ရှားပေးရန်လည်း မေတ္တာရပ်ခံထားသည်။

ခရီးသွားပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ၏ ယာဉ်တန်းများနှင့် ခွာ၍မောင်းနှင်ရန် အပါအဝင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က ပြည်သူ လူထုများ လိုက်နာပေးရန် အချက်များကို ယနေ့ (နိုဝင်ဘာ၁၉ရက်) ထုတ်ပြန်ခဲ့သည်။

ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် (၆)မိုင်ကျေးရွာတွင် နိုဝင်ဘာ ၁၈ရက်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကားတစ်စီး ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း၊ သို့ရာတွင် အိမ်စီးကားများမှ စစ်ကောင်စီ၏ ယာဉ်တန်းနောက်မှ ပူးကပ်လိုက်ပါလာ၍ ပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ Mission အား ပြန်လည်ရုတ်သိမ်းခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းများနှင့် ဝေးရာမှ ခွာ၍ မောင်းနှင်ရန်KPDFက မေတ္တာရပ်ခံထား သည်။

မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားသော ဂိတ်များအား ရှောင်ရှားသွားလာရန်၊ စစ်ကောင်စီတပ်သားများနှင့် အဝေးတွင် နေရန်၊ ပေါက်ကွဲသံ ပစ်ခတ်သံကြားသည့် နေရာများသို့ သွားရောက်ကြည့်ရှုခြင်းများအား အထူးရှောင်ရှားပေးရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook