Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်ဖက် ရေယာဉ်တွေ ငြိခဲ့တဲ့ ဖြစ်စဉ်အတွက် တရုတ်ကို ဖိလစ်ပိုင် ကန့်ကွက်

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံးကို ပိုင်နက်အဖြစ် သတ်မှတ်ထားတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ အခု သီတင်းပတ် အစောပိုင်းမှာ ကြုံခဲ့တဲ့ ဖြစ်ရပ်ကြောင့် ရေပိုင်နက် အငြင်းပွားနေတဲ့ တင်းမာမှုတွေက ပိုမို ပြင်းထန်လာဖွယ် ရှိနေပါတယ်။

တောင်တရုတ် ပင်လယ်မှာ နှစ်ဖက် ရေယာဉ်တွေ ငြိခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တရုတ်ကို ဖိလစ်ပိုင်က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

ဖိလစ်ပိုင် ထိန်းချုပ်ထားတဲ့ ကျွန်းတန်း တစ်ခုဆီ သွားနေတဲ့ ထောက်ပံ့ရေး ရေယာဉ် အဖွဲ့ကို တရုတ် ကမ်းခြေစောင့်တပ်က ကြားဖြတ် ဟန့်တားပြီး မီးသတ်ပိုက်တွေနဲ့ ပက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမယ့် တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ်တွေရဲ့ လုပ်ရပ်ဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး တီယိုဒိုရို လော့ဆင်က ပြောကြားသွားပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံးကို ပိုင်နက်အဖြစ် သတ်မှတ်ထားတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ အခု သီတင်းပတ် အစောပိုင်းမှာ ကြုံခဲ့တဲ့ ဖြစ်ရပ်ကြောင့် ရေပိုင်နက် အငြင်းပွားနေတဲ့ တင်းမာမှုတွေက ပိုမို ပြင်းထန်လာဖွယ် ရှိနေပါတယ်။

တကယ်တမ်း အဲဒီရေပြင် ဧရိယာ တဝိုက်မှာ တရုတ်က တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ခွင့် ဘာတစ်ခုမှ မရှိကြောင်း၊ တရုတ် ရေယာဉ်တွေဟာ အဲဒီ ရေပြင်တဝိုက်ကနေ ချက်ချင်း ရှောင်ခွာသွားဖို့ လိုကြောင်းလည်း ဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရုတ်သံရုံးကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ တရုတ်နဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးကတော့ အခုကိစ္စကို ကြားသိထားကြောင်း၊ ဖိလစ်ပိုင်ဟာ ပိုင်နက်နယ်မြေ လုံခြုံရေးကို တရားဥပဒေ သတ်မှတ်ချက်တွေနဲ့အညီ ကာကွယ် စောင့်ရှောက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖိလစ်ပိုင်ရဲ့ ကျွန်းစုတွေနားမှာ တရုတ် ရေယာဉ်တွေ ဖြတ်သန်း သွားလာမှုက ပိုမို ထူထပ်လာပါတယ်။ ဒါပေမဲ့ ဒါဟာ စစ်ရေး လှုပ်ရှားမှုတွေနဲ့တော့ မသက်ဆိုင်ဘူးလို့ တရုတ် အစိုးရက ဖြေရှင်း ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။